San Yeik Nyein Condominium စီမံကိန်းကို အမှတ် ၉၆၊ စံရိပ်ငြိမ်လမ်း ၊ အင်းစိန်လမ်းမကြီး၊ ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့နယ်တွင် တည်ဆောက်လျှက် ရှိကြောင်း သိရသည်။
ယင်းစီမံကိန်းကို ဘိုးဘွားပိုင်မြေပေါ်တွင် ၂၀၁၅ခုနှစ် ဇန်နဝါရီလတွင် စတင်အကောင်အထည်ဖော်ပြီး ၂၀၁၈ ခုနှစ် နှစ်လယ်လောက်တွင် ပြီးစီးမည်ဖြစ်သည်။
ထိုစီမံကိန်းကို မြေဧရိယာ ဝ.၅ ဧကပေါ်တွင် တည်ဆောက်လျှက်ရှိပြီး Naing Group မှတာဝန်ယူဆောက်လုပ်နေကြောင်းသိရသည်။
ကွန်ဒို ၏စုစုပေါင်းဧရိယာမှာ စတုရန်းပေ ၂၄၀,၀၀၀ ခန့်ရှိမည် ဖြစ်သည်။
ယင်းကွန်ဒိုစီမံကိန်းကို ဗီယက်နမ်နိုင်ငံမှ Archetype Group မှ concept ဒီဇိုင်းရေးဆွဲပေးထားကြောင်း သိရသည်။
ကွန်ဒို၏ အတွင်းပိုင်းဒီဇိုင်းကို Myanmar New Generation မှတာဝန်ယူပေးခြင်းဖြစ်သည်။
ထိုကွန်ဒိုတွင် အထပ်ပေါင်း ၁၂ ထပ်ပါဝင်ပြီး ငါးလွှာမှစ၍ လူနေခန်းများဖြစ်ပြီး တစ်လွှာတွင် ၈ ခန်း ဖြင့် လူနေခန်းပေါင်း ၇၂ ခန်းပါဝင်သည်ဟု သိရသည်။
ကွန်ဒိုစီမံကိန်း၏ basement နှစ်ထပ်တွင် ကားပါကင်ပါဝင်ပြီး မြေညီထပ်မှ သုံးလွှာအထိ ရုံးခန်းများအတွက်တစ်လွှာတွင် ဆယ်ခန်း ထားရှိမည်ဟုသိရပြီး လေးလွှာတွင် အခန်းလွတ်ထားရှိမည် ဖြစ်ကြောင်းသိရသည်။
ယင်းကွန်ဒိုတွင် ဓာတ်လှေခါး လေးစင်းနှင့် ရိုးရိုးလှေခါး လေးစင်းပါဝင်ပြီး Penhouse တွင် ရေကူးကန်၊ အားကစားခန်း အစရှိသည့် facilities များထားရှိမည် ဖြစ်သည်။
ကွန်ဒို၏အခန်း pricing မှာ စတုရန်းတစ်ပေလျှင် ၂၂၀,၀၀၀ ကျပ် မှ ၂၄၀,၀၀၀ ကျပ် ထိရှိပြီး အခန်းအကျယ်အဝန်းမှာ ၁၂၈၅ စတုရန်းပေမှ ၂၀၃၀ စတုရန်းပေ ထိရှိကြောင်းသိရသည်။
ငွေပေးချေရာတွင် ပထမအရစ်အနေဖြင့် ၃၅ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကို ၃ နှစ်အရစ်ကျ ပေးသွင်းရမည်ဖြစ်သည်။
This is an original writing of Myanmar Builders Guide based on information sourced from pamphlet, phone, naing group website.