Sea View Condo - Myeik


26 October, 2020

ဤစီမံကိန်းသည် နိုင်ငံခြားကုမ္ပဏီဖြစ်သည့် Hong Kong Future Group မှ ဦးဆောင်၍ မြန်မာနိုင်ငံမှ ပြည်ဖြိုးထွန်း အင်တာနေရှင်နယ်ဖြင့် ပူးပေါင်း တည်ဆောက်မည့် မြိတ်မြို့၏ ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ စီမံကိန်းဖြစ်သည်ဟု အညွန်းဆိုထားသည်။

ထိုစီမံကိန်းကို sea view condo ဟု ခေါ်ဆို၍ တနင်္သရီတိုင်းဒေသကြီး မြိတ်မြို့နယ် ရေပုန်းနယ်မြေ ကမ်းနားလမ်း သဲကွင်း Myeik Shopping Mall အနီး မှာ တည်ဆောက်မယ့် အထပ်မြင့် စီမံကိန်းဖြစ်ပါတယ်။

 

ပိုင်ဆိုင်မှုနှင့်ရင်းနှီးမြှုပ်နှံမှုပမာဏ

စုစုပေါင်းမြေ ၂၈ ဧက အနက် နဲ့Hong Kong Future Group က မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖြင့်စတင် ရင်းနှီးမြှုပ်နှံတည်ဆောက်မည်ဖြစ်ပြီး စီမံကိန်းအလုံးစုံအတွက် စုစုပေါင်း ဒေါ်လာသန်း ၃၀၀ ကျော် ကုန်ကျမည်ဟု သိရှိထားသည်။

Sea View Condo  အုတ်မြစ်ချ ပဏ္ဍက်တင် မင်္ဂလာအခမ်းအနားနှင့် နှစ်ဖက်သဘောတူ စာချုပ် လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၆ခုနှစ် မတ်လ ၂၅ ရက်နေ့မနက် ဂ နာရီက မြိတ်မြို့မှာ ကျင်းပခဲ့ပါတယ်။

 

အဆောက်အဦးများနှင့် ဆောက်လုပ်ရေးအချိန်ကာလ

စီမံကိန်းတွင် ပေ ၁၀၀၀ အမြင့် ရှိ အထပ် ၃၀ အဆောက်အဦး အလုံး ၃၀ ပါဝင်မည်ဟု လျာထားပြီး စီမံကိန်းအား မြေ ၂၈ ဧက အနက် ၁၂ ဧကတွင် ၁၄ လုံးဖြင့် စတင်ဆောက်လုပ်သွားမည်ဟု သိရှိရသည်။  ကျန်မြေ ၁၆ ဧကအတွက် ဒီဇိုင်းမှာ လုပ်ဆောင်နေဆဲဖြစ်ပြီး အတည်ပြုထားခြင်းမရှိသေးကြောင်း သိရှိရသည်။

ထို ပထမဆုံး မြေ ၁၂ ဧကတွင် ဆောက်လုပ်မည့် ၁၄ လုံးကို ပထမဆုံးအဆင့်အနေဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လနှင့် စက်တင်ဘာလောက်မှစ၍ ၅ လုံးဆောက်လုပ်သွားမည်ဖြစ်ပြီး ယခုအခါတွင် မြေဆီလွှာ စမ်းသပ်မှုများ Geo-Friends Engineering and Construction မှ ပြုလုပ်နေကြောင်း သိရှိရသည်။

ထို ၅ လုံးတွင် တစ်လုံးမှာ ၂၂ ထပ်မြင့်ပြီး ကျန် အလုံးများမှာ အထပ် ၃၀ ရှိပါသည်။

မြေဆီလွှာစမ်းသပ်မှုများနှင့် သက်ဆိုင်ရာမှ စစ်ဆေးမှုများကို ဇူလိုင်လကုန်တွင် အပြီးသတ်မည်ဖြစ်ပြီး ဆောက်လုပ်ရေး အား သြဂုတ်လနှင့် စက်တင်ဘာလတွင် စတင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။ ဆောက်လုပ်ရေးကို Hong Kong Future Group မှ နိုင်ငံခြားပညာရှင်များဖြင့် ဆောက်လုပ်မည်ဖြစ်ပြီး ပထမ ၅ လုံးအား  ၃ နှစ်အတွင်း ပြီးမည်ဟု ဆိုသည်။

Sea View Condo စီမံကိန်း ငလျင်ဒဏ်  ၈.၅ ခံနိုင်အောင် အောက်ခြေအုတ်မြစ် ပေ ၁၀၀၀ ထိ ချ    ၍ တည်ဆောက်သွားမည်ဖြစ်သည်။

အခန်းအရေအတွက် အတိအကျမှာ စီမံကိန်းတစ်ခုလုံးအတွက် တိုက်ခန်းအတိအကျမထွက်ရှိသေးသော်လည်း ပထမဆုံး ဆောက်မည့် ၅ လုံးတွင် တိုက်ခန်းအရေအတွက် ၈၈၈ ခန်း ပါမည်ဖြစ်သည်။ အသေးစိတ်ကို အောက်ပါဇယားတွင် သိရှိနိုင်သည်။

No Storey Apartment No.

Completion date

1 22-storey 105 2019
2 30-storey 145 2019
3 30-storey 174 2019
4 30-storey 232 2019
5 30-storey 232 2019

ထို့အပြင်ထိုစီမံကိန်းဝင်းကြီးအတွင်းတွင် အပန်းဖြေရွက်လှေဆိပ်ကမ်း၊  ကုန်တိုက်ကြီးများ၊ ကြယ်၅ပွင့်အဆင့် ဟိုတယ်ကြီးများလည်းပါဝင်မည်ဟု သိရှိရသည်။

ခေတ်မီ အားကစား ခန်းမ၊ ရေကူးကန်၊ ဆေးခန်း၊ ဘဏ်လုပ်ငန်းများ၊ ဖူဆယ်ဘောလုံးကွင်းများ၊ ကလေးကစားကွင်းများ၊ အစည်းအဝေး ခန်းမနှင့် မင်္ဂလာခန်းမအဖြစ်အသုံးပြုနိုင်သည့် ခန်းမကျယ်ကြီးများ စသည်တို့ ပါဝင်မည်ဖြစ်သည်။

 

Pricing and Sales Model

လက်ရှိတွင် စဆောက်မည့် တိုက် ၅ လုံးအား အရောင်းဖွင့်ထားပြီး booking များ စတင်လက်ခံနေသည်ဟု သိရှိရပါသည်။

အခန်းအမျိုးအစားများမှာ two bed room, three bed room စသဖြင့် ရှိပြီး အခန်းအကျယ်အဝန်းမှာ ၉၅၁ စတုရန်းပေမှ ၁၆၃၀ စတုရန်းပေအထိ ရှိသည်။

ဈေးနှုန်းကို ၁ စတုရန်းပေလျှင် ဒေါ်လာ ၁၀၀ ဟု လက်ရှိလျာထားပြီး သြဂုတ်လ လောက်တွင် ဈေးနှုန်းအတိအကျထွက်လာမည်ဖြစ်ပြီး ငွေစတင် ချေကာ ဝယ်ယူနိုင်မည်ဟု သိရှိရသည်။ ငွေချေမှုစနစ်တွင်လည်း လက်ငင်းနှင့် အရစ်ကျဟူ၍  နှစ်မျိုးသတ်မှတ်ထားပြီး လက်ရှိတွင် အရစ်ကျစနစ်ကို ဘယ်နှစ်နှစ်ကြာမည် ဆိုသည်ကို မသတ်မှတ်ရသေးကြောင်း သိရှိရသည်။  

Contact number to Sea View Condo - 09776842783

Mixed Use and Urban Read 161 times