ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေသော ဒုတိယမြောက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား


10 December, 2019

 ထိုင်းနိုင်ငံမဲဆောက်ဒေသ နှင့် မြန်မာနိုင်ငံ နယ်စပ်မြို့မြဝတီ သို့ ချိတ်ဆက်သည့်ဒုတိယမြောက် ထိုင်း-မြန်မာချစ်ကြည်ရေး တံ တား ကိုမတ်လ ၁၉ ရက်တွင် ဖွင့် လှစ်ရန် ကြိုတင်ပြင်ဆင်နေပြီး ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

 နာခွန်မဲဆောက်ဒေသမြို့ တော်ဝန် သာအက်ကီယက်ချင်ဆို ရန်နန်က ယင်းကြိုတင်ပြင်ဆင်မှု များကို တနင်္ဂနွေနေ့က သွား ရောက်စစ်ဆေးခဲ့သည်။ မြဝတီ မြို့နှင့် မဲဆောက်ဘက်ခြမ်း သာ စိုင်လူအတ်ဒေသကြား မိုအဲမြစ် ကိုဖြတ်၍ဆောက်သော ယင်း တံတား ဆောက်လုပ်မှုလုပ်ငန်း ပြီးစီးပြီဖြစ်သည်။

 ယင်းတံတားအလယ်တွင် ပြုလုပ်မည့် ဖွင့်ပွဲသို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့်နိုင်ငံတော် ၏အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်တို့ တက်ရောက်မည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သ တင်းစာက ဖော်ပြသည်။

 ယင်းတံတားဖွင့်ပွဲသို့ လာ ရောက်မည့်သူများအတွက် တံ တား၏ ထိုင်းနိုင်ငံဘက်ခြမ်းတွင် တဲများ၊ ရွှေ့ပြောင်းသန့်စင်ခန်း များထားရှိပြီး ကြိုတင်ပြင်ဆင်မှု များ တနင်္လာနေ့တွင် ပြီးစီးမည်ဟု မျှော်လင့်ရသည်။

Infrastructure and Zones Read 121 times