မြန်မာနိုင်ငံ၏ ပထမဆုံးသောကမ္ဘာ့အဆင့်မီအထူးစီမံကိန်းအနေဖြင့် ရခိုင်ပြည်နယ်၊သံတွဲမြို့ ငပလီကမ်းခြေအနီးရှိမောင်ရွှေလေးကမ်းခြေ၌Secret Diamond Ngapaliproject(Luxury Second Home Villas) တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းprojectကိုကမ္ဘာ့အဆင့်ရှိ နိုင်ငံတကာကုမ္ပဏီများဖြစ်သောကိုရီးယားသမ္မတနိုင်ငံရှိKuko,Junglim, HEOH နှင့် မြန်မာနိုင်ငံရှိ City & Nature Service တို့ပူးပေါင်းဆောင်ရွက်သွားမည်ဟုသိရသည်။
ဆောက်လုပ်ရာတွင် International Luxury Villa များအတိုင်းစံနှုန်းပြည့်မီစွာဆောက်လုပ်သွားမည်ဖြစ်ပြီး Second Villa House အဆင့်ထိပြီးပြည့်စုံသောဝန်ဆောင်မှုများကိုလည်း ပေးမည်ဖြစ်ကြောင်းသိရသည်။
ယင်းစီမံကိန်းမှာငပလီကမ်းခြေ၏ အရှေ့တည့်တည့်တွင်တည်ရှိပြီးအနောက်မြောက်သို့မျက်နှာမူ၍ ဆောက်လုပ်မည်ဖြစ်သောကြောင့် နေဝင်ဆည်းဆာကိုလည်းအပြည့်အဝခံစားနိုင်မည်ဖြစ်ကြောင်းသိရသည်။
ထိုစီမံကိန်းကိုမြေ ၂ ဒသမ ၅၂၄ ဧကတွင် Unit-13 လုံးနှင့် Club House Service တစ်လုံးစုစုပေါင်း ၁၄ လုံးတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းစီမံကိန်းကိုလာမည့် မတ်လအတွင်းစတင်အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပြီးအချိန်ကာလအားဖြင့် တစ်နှစ်ခွဲ၊နှစ်နှစ်အတွင်းအပြီးအစီးဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
Source:Pyimyanmar journal