မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည့် Sedona Suites ဆောက်လုပ်ခြင်း


28 October, 2020

မြန်မာနိုင်ငံတွင်ပထမဆုံးဖြစ်လာမည့် Sedona suites ဆောက်လုပ်ခြင်းကိုလာမည့် ၂၀၁၈ ခုနှစ်တွင်စတင်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းတည်ဆောက်မှုကိုရွှေဂုံတိုင်ဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ Junction City စီမံကိန်း၏အပိုင်း ၂ အဖြစ်တည်ဆောက်မည်ဖြစ်ပြီး Keppel Land Group နှင့်ပူးပေါင်းတည်ဆောက်ခြင်းဖြစ်ကြောင်းသိရသည်။
Junction City စီမံကိန်းကဖွံ့ဖြိုးရေးအသွင်သဏ္ဍာန်မျိုးစုံပေါင်းစည်းထားသည့်နေထိုင်မှုနှင့် အလုပ်လုပ်ကိုင်မှုအယူအဆသစ်တစ်ခုကိုရန်ကုန်မြို့၏အချက်အချာကျသည့်နေရာဆီယူဆောင်လာပေးသည့် မြန်မာတစ်နိုင်ငံလုံးတွင်မရှိသေးသည့်စီမံကိန်းတစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံ၏စီးပွားရေးမှန်မှန်တိုးတက်လာပြီးနိုင်ငံတကာမှလာရောက်ရင်းနှီးမြုပ်မှုများမြင့်တက်လာသောကြောင့်ရန်ကုန်မြို့တွင်နေထိုင်သူ၊အိမ်ခြေငှားသူနှင့်ခရီးသွားဧည့်သည်များအတွက်ကမ္ဘာ့အဆင့်မီနေရာတစ်ခုပေါ်ပေါက်စေရန် ရည်ရွယ်ထားကြောင်းသိရသည်။
Sedona Suites တွင် Premium Serviced Apartment ပေါင်း ၂၆၀ ခန့်နှင့်ရုံးခန်းများပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ဆောက်လုပ်ရေးစီမံကိန်းတွင်စင်ကာပူနိုင်ငံဆောက်လုပ်ရေးအာဏာပိုင်အဖွဲ့အစည်းမှကွပ်ကဲဆောင်ရွက်သည့် Green Mark စံနှုန်းပြည့်မီသောသဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ရေနှင့်စွမ်းအင်သုံးစွဲမှုဆိုင်ရာလျှော့ချမှုနည်းပညာများကိုဖွံ့ဖြိုးရေးအသွင်သဏ္ဍာန်မျိုးစုံပေါင်းစည်း ဆောင်ရွက်လျှက်ရှိကြောင်း၊ ပတ်ဝန်းကျင်အထောက်အကူပြု Green Feature များကိုလည်းအသုံးပြုထားရာစွမ်းအင်သုံးစွဲမှုကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ကြောင်းသိရသည်။
Source:Pyimyanmar journal

Hospitality Local Read 70 times