Sein Lei Aung Condominium ကို အမှတ် (၁၈-က)၊ စိမ်းလဲ့မေရိပ်သာလမ်း၊ (၇) ရပ်ကွက်၊ ရန်ကင်းမြို့နယ်တွင် တည်ဆောက်လျှက်ရှိပါသည်။
ထိုစီမံကိန်းကို မြေဧရိယာ ဝ.၂၈ ပေါ်တွင် တည်ဆောက်လျှက်ရှိပြီး i Green မှ မြေပိုင်ဆိုင်ကြောင်းသိရသည်။
ယင်းစီမံကိန်းကို i Green construction မှတာဝန်ယူဆောက်လုပ်ထားပြီး ယခုချိန်တွင် ၁၁ လွှာထိ ဆောက်လုပ်ပေးနေပြီး ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဟု သိရသည်။
ထိုကွန်ဒိုစီမံကိန်းတွင် အထပ်ပေါင်း ၁၂ ထပ်ခွဲပါဝင်ပြီး တစ်လွှာတွင် ၃ ခန်းဖြင့် အခန်းပေါင်း ၃၃ ခန်း ပါဝင်ကြောင်းသိရသည်။
ယင်းကွန်ဒို၏ ground floor နှင့် basement တွင် ကားပါကင်ပါဝင်မည်ဖြစ်ပြီး ဓာတ်လှေခါးနှစ်စင်းပါဝင်မည်ဟု သိရသည်။
ထိုကွန်ဒို၏ penhouse တွင် ရေကူးကန်၊ အားကစားခန်းမ၊ စားသောက်ဆိုင် အစရှိသည့် facilities များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းကွန်ဒိုတွင် အခန်းအမျိုးအစား သုံးမျိုးပါဝင်ပြီး အခန်းအကျယ်အဝန်းမှ ၁၉၃၀ စတုရန်းပေ၊ ၂၀၆၂ စတုရန်းပေနှင့် ၂၃၂၁ စတုရန်းပေ အသီးသီးရှိကြောင်းသိရသည်။
အခန်း Pricing မှာ စတုရန်းတစ်ပေလျှင် ကျပ် နှစ်သိန်းသုံးသောင်းမှ နှစ်သိန်းခွဲခန့်ရှိပြီး တစ်ခန်းလျှင် သိန်း ၄၀၀၀ ကျော် ကျသင့်နိုင်ကြောင်းသိရသည်။
ငွေပေးချေမှုမှာ စာချုပ်ချုပ်သည့်နေ့တွင် ၅ ရာခိုင်နှုန်းတစ်ကြိမ်၊ တည်ဆောက်နေဆဲကာလတွင် ၂ ရာခိုင်နှုန်း ဖြင့် ၂၄ ကြိမ်၊ အခန်းအပ်သည့်နေ့တွင် ၂၅ ရာခိုင်နှုန်း တစ်ကြိမ်၊ အခန်းအပ်ပြီးသည့်နောက်ပိုင်းတွင် ၂ ရာခိုင်နှုန်း ၁၁ ကြိမ်ဖြင့် အရစ်ကျပေးချေရမည် ဖြစ်ကြောင်းသိရသည်။
This is an original writing of Myanmar Builders Guide based on information sourced from phone,pamphlet.