အသုံးပြုခြင်းမရှိသော မြေများကို စစ်ဆေးပြီးမှ သိမ်းဆည်မှုများပြုလုပ်သွားမည်


16 November, 2020

အမှန်တကယ်အသုံးပြုခြင်းမရှိသော မြေဧကတစ်သန်းကျော်ကို အစိုးရအနေဖြင့်ပြန်လည်သိမ်းဆည်းရာတွင် မြေပိုင်ရှင်များဘက်မှ ပြန်လည်ဖြေရှင်းချက်များ ရှိနေသောကြောင့်ကွင်းဆင်းစစ်ဆေးပြီးမှ သာသိမ်းဆည်းမှုများပြုလုပ်သွားမည်ဟုစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

အစိုးရအနေဖြင့် အသုံးချခွင့်ပြုသော အချိန်မှ စပြီး လေးနှစ်အတွင်းအမှန်တကယ်လုပ်ငန်းအကောင်အထည်မဖော်သော မြေများကိုအစိုးရထံပြန်လည်အပ်နှံရန် ပြီးခဲ့သောနှစ်ကုန်ပိုင်းခန့်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

သတင်းများအရအမှန်တကယ်အသုံးပြုခြင်းမရှိသော မြေဧကပေါင်း တစ်သိန်းကျော်ရှိပြီး မြေပိုင်ရှင်များကိုယ်တိုင်လာရောက်အပ်နှံခြင်းမရှိပါက အစိုးရမှ သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြေလွတ်မြေရိုင်းဥပဒေတွင်လည်း မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်ရယူထားပြီး သတ်မှတ်ကာလ လေးနှစ်အတွင်းအပြည့်အဝစိုက်ပျိုးလုပ်ကိုင်ခြင်းမရှိပါက နိုင်ငံတော်မှ အလိုအလျောက်ပြန်လည်သိမ်းယူမည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်သည်ဟုသိရသည်။

လက်ရှိတွင် သိမ်းဆည်းခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးပြည်နယ်အစိုးရ၏စီမံခန့်ခွဲမှုများအတိုင်း တိုင်းဒေသကြီးအသီးသီးတွင် ဆောင်ရွက်နေပေမဲ့မြေပိုင်ရှင်အများစုမှ ဖြေရှင်းချက်များ ပေးလာသောကြောင့်အမှန်တကယ်ကွင်းဆင်းစစ်ဆေးပြီးမှ သာ သိမ်းဆည်းရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြေပိုင်ရှင်များအနေနှင့် ပြန်လည်ဖြေရှင်းချက်များ ရှိလာသည့်အတွက် အစိုးရနေနှင့် ပြန်လည်သိမ်းဆည်း၍ရသော မြေဧကပေါင်း လက်ရှိအချိန်ထိ အနည်းငယ်သာရှိသေးကြောင်း သိရသည်။

Source:imyanmar House

Laws and Regulations Read 65 times