ဆီမီးခုံ (Semeikhon Port) သည် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် တွင် တည်ရှိပြီး ဧရာဝတီမြစ်၏ အဓိကကျသော အပိုင်းတွင် ဆောက်လုပ်နေကြောင်း သိရသည်။ ယင်းဆိပ်ကမ်းသည် Myotha Industrial Park နှင့် ၁၁မိုင်အကွာတွင် ဆောက်လုပ်ထားကြောင်း သိရသည်။
ယင်းဆိပ်ကမ်းကို မန္တလေး-မြို့သာစက်မှုဖွံ့ဖြိုး တိုးတက်ရေးး အများပိုင်ကုမ္ပဏီလီမိတက် (MMID) မှတာဝန်ယူဆောက်လုပ်ကြောင်းသိရသည်။
ယင်းဆိပ်ကမ်းသည် မန္တလေးမြို့နှင့် ဧရာဝတီမြစ်တို့၏ အဓိကအချက်အချာကျသော ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်းသိရသည်။ ထိုဆိပ်ကမ်းကို ၂၀၁၄ခုနှစ် မှစတင်ဆောက်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလဆန်းပိုင်းတွင် စတင်အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။
ယင်းစီမံကိန်းအတွက် နယ်သာလန်က Royal HaskoningDHV (RH) ကိုအကြံပေးအနေဖြင့် ခန့်ထားပါသည်။ RH ကုမ္ပဏီသည် maritime နှင့် water ပါဝင်သောစည်းကမ်းချက်များအတွက် အဓိကဦးဆောင်သော အကြံပေးကုမ္ပဏီဖြစ်ကြောင်းသိရပါသည်။ ထိုကုမ္ပဏီမှ ဧရာဝတီမြစ်အတွင်း လေ့ကျင့်မှုများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။
ယင်းဆိပ်ကမ်းသည် ၃၈၀ဧက ကျယ်ဝန်းပြီး ဆိပ်ခံတံတား ၁.၅ ကီလိုမီတာ ရှည်လျားပါသည်။
ထိုဆိပ်ကမ်းတွင် အရွယ်အစား ပေ ၂၀ မှ ပေ ၄၀ ထိရှိသောကွန်တိန်နာများ ကုန်တင်ကုန်ကျပြုလုပ်နိုင်ကြောင်းသိရသည်။
ဧရာဝတီမြစ်ကြောင်းအတွင်း တန် ချိန် ၅၀ ထိ သယ်ယူနိုင်သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဆိပ်ခံတံတားဆိပ်ကမ်း (အင်္ဂလိပ်အခေါ်အဝေါ်အနေဖြင့် pontoon bridge) ဖြစ်ကြောင်းသိရသည်။ ထို့အပြင်ဇူလိုင်လ ၂၇ ရက်နေ့က ကရိန်းတပ်ထားသည့် ဆိပ်ခံသင်္ဘောကို ဆောက်လုပ်ပြီးစီးခဲ့ကြောင်းသိရသည်။
ထိုဆိပ်ကမ်းမှ စက်မှုဥယျာဉ်ထဲ သို့ ဧရာဝတီမြစ်ရေတင်ပို့နိုင်မည်ဖြစ်ကြောင်းသိရသည်။ လျှပ်စစ်ဓာတ်အားကို တလခန့်အကြာတွင် စတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။
ထိုဆိပ်ကမ်းကို ပထမအဆင့်ကို Free Tarde Zone အဖြစ်သတ်မှတ်ဆောက်လုပ်ခဲ့ကြောင်းသိရသည်။
ထို့နောက်တွင် ဆိပ်ကမ်းကို ထပ်မံတိုးမြှင့်ပြီး ကွန်တိန်နာသယ်ယူပို့ဆောင်ရေး ၊ ထောက်ပံ့ပို့ဆောင်ရေးများ နှင့် သိုလှောင်ရေး စသော လုပ်ငန်းများအတွက် လိုအပ်သော အထာက်အပံ့များ ကို ထပ်မံချဲ့ထွင် ထားကြောင်း သိရသည်။
Source: Mirror, MMID