Shwe Gone Emotion Tower


27 October, 2020

Shwe Gone Emotion Tower စီမံကိန်းကို ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်၊ ကျောက်တံတားမြို့နယ်တွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။

ယင်းစီမံကိန်းကို ၂၀၁၄ ခုနှစ်နှစ်ကုန်ပိုင်းတွင် စတင်ဆောက်လုပ်ခဲ့ပြီး December construction မှပိုင်ဆိုင်ခြင်းဖြစ်သည်။

ထိုစီမံကိန်းကို SPD Engineering ကုမ္ပဏီမှ construction survey ပြုလုပ်ပေးထားပြီး Yuan Da (Myanmar) Construction မှတာဝန်ယူဆောက်လုပ်ပေးထားကြောင်းသိရသည်။

ယင်းစီမံကိန်းတွင် အထပ်ပေါင်း ၃၂ ထပ်နှင့် basement ၄ ထပ်ပါဝင်မည်ဖြစ်ပြီး တစ်လွှာတွင် ၆ ခန်းးဖြင့် အခန်းပေါင်း ၁၆၀ ကျော်ခန့်ပါဝင်မည်ဖြစ်သည်။

ထိုစီမံကိန်း၏ မြေညီထပ်မှသုံးလွှာအထိ shopping center ထားရှိမည်ဖြစ်ပြီး လေးလွှာနှင့်ငါးလွှာတွင် cinema hall ထားရှိမည်ဟုသိရသည်။

ယင်းစီမံကိန်း၏ ၆ လွှာမှစ၍ ၁၇ လွှာအထိ ရုံးခန်းများထားရှိမည်ဖြစ်ပြီး ၁၈ လွှာမှ ၃၂ လွှာအထိ လူနေအိမ်ယာ များထားရှိမည်ဖြစ်သည်။

ထိုစီမံကိန်းတွင်ပါဝင်သောအခန်းအကျယ်အဝန်းမှာ စတုရန်းပေ တစ်ထောင်ကျော်မှ စတုရန်းပေ ၁၇၀၀ ကျော်အထိရှိမည်ဖြစ်ကြောင်းသိရသည်။

This is an original writing of Myanmar Builders Guide based on information sourced from imyanmarhouse website,facebook.

Mixed Use and Urban Read 80 times