Shwe Hpar Si Housing စီမံကိန်းကို ဘားအံမြို့ဗိုလ်ချုပ်လမ်း အမှတ်(၉)ရပ်ကွက်၊ ရွှေရတနာကျောင်းလမ်းတွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။
ယင်းစီမံကိန်းကို ၂၀၁၆ ခုနှစ်အောက်တိုဘာလ ၂၉ ရက်နေ့တွင်ပန္နတ်ရိုက်မင်္ဂလာပြုလုပ်ပြီး ၂၀၁၇ ခုနှစ်နှစ်လယ်လောက်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဖြစ်သည်။
ထိုစီမံကိန်း၏ စုစုပေါင်းဆောက်လုပ်မှုဧရိယာမှာ ၃၃,၀၀၀ စတုရန်းပေရှိပြီး တိုက်တစ်လုံးစီ၏ ကြမ်းခင်းဧရိယာမှာ ၁၀,၉၆၀ စတုရန်းပေ ရှိမည် ဟုသိရသည်။
ထိုစီမံကိန်းကို UHM family မှတာဝန်ယူဆောက်လုပ်ထားပြီး ဦးလှမင်းထိုက်မှ ဒီဇိုင်းရေးဆွဲ ပေးထားကြောင်းသိရသည်။
ယင်းစီမံကိန်းတွင် အဆောက်အဦး ၄ လုံးပါဝင်မည်ဖြစ်ပြီး အထပ်ပေါင်း ၄ ထပ်စီပါဝင်မည်ဖြစ်သည်။
ထိုစီမံကိန်း၏ အဆောက်အဦးတစ်လုံးစီ၏ တစ်လွှာတွင် ၄ ခန်းပါဝင်မည်ဖြစ်ပြီး အခန်းပေါင်း ၁၆ ခန်းပါဝင်မည်ဖြစ်သည်။
ယင်းစီမံကိန်း၏ အခန်းတိုင်းတွင် ရေမော်တာ၊ မီတာတို့ပါဝင်တပ်ဆင်ပေးထားမည်ဖြစ်သည်။
ထိုစီမံကိန်းဝန်းထဲတွင် ကားပါကင်ထားရှိမည်ဖြစ်ပြီး ရေကူးကန်၊ အားကစားခန်းမ အစရှိသည့် facilities များကိုလဲ ၂ ထပ်အဆောက်အဦးတစ်ခုထည့်သွင်းဆောက်လုပ်ပေးသွားမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။
ယင်းစီမံကိန်းတွင် ပါဝင်သောအခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၆၀၀ ကျယ်ဝန်းမည်ဖြစ်ပြီး အခန်း pricing မှာ မြေညီထပ်လျှင် ကျပ် ၂၃၅ သိန်း၊ ပထမထပ်လျှင် ကျပ် ၂၂၅ သိန်း၊ ဒုတိယထပ်လျှင် ကျပ် ၂၀၀ သိန်းနှင့် စတုတ္ထထပ်လျှင် ကျပ် ၁၉၀ သိန်း အသီးသီးရှိကြောင်းသိရသည်။
ငွေပေးချေမှုမှာ အရင်ဆုံး ၃၀ ရာခိုင်နှုန်းကို အရင်ပေးချေရမည်ဖြစ်ပြီး ၅ ရာခိုင်နှုန်းကို တစ်လ၊ ကျန် ၆၅ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းကို ၁၀ ရာခိုင်နှုန်းစီ ၆ ခါအရစ်ကျပေးသွင်းပြီး ကျန် ၅ ရာခိုင်နှုန်းကို အခန်းအပ်သည့် နေ့တွင် ပေးချေရမည်ဖြစ်ကြောင်းသိရသည်။