ဟားခါးမြို့  ရှု့ခင်းသာ မျှော်စင် တည်ဆောက်မည်


02 November, 2020

ချင်းပြည်နယ် ဟားခါးမြို့၏ အလှအပရှု့ခင်းများကိုခရီးသွားဧည့်သည်များအပေါ်စီးမှကြည့်ရှု့နိုင်ရန် ရှု့ခင်းသာမျှော်စင်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းရှု့ခင်းသာမျှော်စင်ကိုလာရောက်ကြည့်ရှု့လေ့လာသူများအတွက် ချင်းလူမျိုးတို့၏ရိုးရာတူရိယာများ၊ ရိုးရာဝတ်စုံများ၊ အပန်းဖြေအနားယူနိုင်မည့် ထိုင်ခုံများနှင့် အားကစားပစ္စည်းများကိုပါ ထားရှိပေးသွားမည်ဖြစ်ကြောင်းသိရသည်။
၎င်းအပြင် ဟားခါးမြို့အလှသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သားရဲတိရစ္ဆာန်ထိန်းသိမ်းရေးနှင့် ခရီးသွားဧည့်သည်များအားဆွဲဆောင်နိုင်မည့်ကိစ္စရပ်များကိုသက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဟားခါးမြို့သည် သဘာဝအလှအပအခြေခံကောင်းများရှိနေပြီး လက်ရှိတွင် ခရီးသွားဧည့်သည်များလာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်းသိရသည်။
ခရီးသွားဧည့်သည်များလာရောက်လည်ပတ်ရာတွင်အဆင်ပြေစွာတည်းခိုနေထိုင်နိုင်ရေးအတွက်ဟိုတယ်များတည်ဆောက်လျက်ရှိသည်။
လက်ရှိတွင် ရှု့ခင်းသာမျှော်စင်တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပြီးခရီးသွားလုပ်ငန်းများတိုးတက်လာရေးအတွက် အစီအစဉ်များလုပ်ဆောင်ရန်ရှိကြောင်းသိရသည်။
Source:Myawaddy journal

Region Mixed Use and Urban Read 128 times