ရွှေနံ့သာတန်ဖိုးမျှတအိမ်ရာဖွင့်ပွဲအခမ်းအနားကိုနေပြည်တော်ဥတ္တရသီရီမြို့နယ်ရွှေနံ့သာရပ်ကွက်ရှိရွှေနံ့သာ အိမ်ရာစီမံကိန်းအတွင်းကျင်းပခဲ့ကြောင်းသိရသည်။
ရွှေနံ့သာတန်ဖိုးမျှတအိမ်ရာကိုဆောက်လုပ်ရေးဝန်ကြီးဌာနမှ၂၀၁၆ခုနှစ်ဇွန်၃၀ရက်တွင်စတင်တည်ဆောက်ခဲ့ပြီး၂၀၁၆ခုနှစ်ဒီဇင်ဘာ၃၁ရက်တွင်ပြီးစီးခဲ့ကြောင်းသိရသည်။အဆောက်အအုံများမှာR.C ငါးထပ်နှင့် Steel Structure ငါးထပ်အမျိုးအစားများဖြစ်ပြီးအလျားပေ၁၀၀၊အနံ၄၇ပေစီရှိကြောင်းသိရသည်။အဆောက်အအုံ တစ်လုံးလျှင်အလျားပေ၂၀၊အနံပေ၂၀ စုစုပေါင်းအခန်း၄၀စီပါဝင်ကြောင်းသိရသည်။
ရွှေနံ့သာအိမ်ရာစီမံကိန်းတွင်တန်ဖိုးနည်းနှင့်တန်ဖိုးသင့်အိမ်ရာ၂၂လုံးဆောက်လုပ်မည်ဖြစ်ပြီးရှစ်ခန်းတွဲငါးထပ်အိမ်ရာရှစ်လုံး၊လေးခန်းတွဲလေးထပ်အိမ်ရာ၁၂လုံးနှင့်ခြောက်ခန်းတွဲသုံးထပ်အိမ်ရာနှစ်လုံးတို့ကိုဆက်လက် တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
ရွှေနံ့သာတန်ဖိုးမျှတအိမ်ရာတွင်မြေညီထပ်တစ်ခန်းလျှင်ငွေကျပ်၁၃၅သိန်း၊ပထမထပ်တစ်ခန်းလျှင်ငွေကျပ်၁၂၅သိန်း၊ဒုတိယထပ်တစ်ခန်းလျှင်ငွေကျပ်သိန်း၁၂၀၊တတိယထပ်တစ်ခန်းလျှင်ငွေကျပ်၁၁၅သိန်းနှင့်စတုတ္ထထပ် တစ်ခန်းလျှင်ငွေကျပ်သိန်း၁၁၀ဖြစ်ကြောင်း၊ဝယ်ယူမည်ဆိုလျှင်တန်ဖိုး၏၃၀ရာခိုင်နှုန်းကိုကနဦးပေးသွင်းရမည် ဖြစ်ပြီးကျန်၇၀ရာခိုင်နှုန်းအားနှစ်ရှည်အရစ်ကျပေးချေစနစ်ဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
Myanma Alinn Daily