ရွှေနံ့သာ တန်ဖိုးနည်းအိမ်ရာ


28 October, 2020

အစိုးရသစ်လက်ထက်တွင်ပထမဆုံးစမ်းသပ်တည်ဆောက်ခဲ့သည့်ရွှေနံ့သာတန်ဖိုးနည်းအိမ်ရာကိုဧပြီလကုန်တွင်စတင်ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

 

နေပြည်တော်ဥတ္တရသီရိ မြို့နယ်ရှိယင်းတန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ၂၀၁၆ ခုနှစ်မေလတွင်စတင်တည်ဆောက်ခဲ့ပြီး ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်၍ ရောင်းချရန် ပြင်ဆင်ခြင်းဖြစ်ကြောင်းသိရသည်။


ယင်းစီမံကိန်းတွင်အခန်းပေါင်း ၈၀၊ ရှစ်ခန်းတွဲငါးထပ်အဆောက်အအုံ နှစ်လုံးပါဝင်သည့် ရွှေ နံ့သာအိမ်ရာစီမံကိန်းကိုဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။


ထိုတန်ဖိုးနည်းအိမ်ရာစီမံကိန်းကိုဆောက်လုပ်ရေးဝန် ကြီးဌာန ပြ ည်ထောင်စုဝန်ကြီးမှကျပ်သိန်း ၁၀၀ အောက်ဖြင့်ရောင်းချနိုင်ရန်စီစဉ်တည်ဆောက်ခဲ့သော်လည်းဆောက်လုပ်မှုကုန်ကျစရိတ်ပိုမိုကုန်ကျသောကြောင့်ကျပ်သိန်း ၁၀၀ ခန့်ဖြင့်စတင်ရောင်းချမည်ဖြစ်ကြောင်းသိရသည်။


နေပြည်တော်၏ ပထမဆုံးတန်ဖိုးနည်းအိမ်ရာစီမံကိန်း ဖြစ်သည့် ရွှေနံ့သာအိမ်ရာကိုဝင်ငွေနည်းပြည်သူ အစိုးရဝန်ထမ်းများကိုဦးစားပေးရောင်းချသွားရန်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနကရည်ရွယ်ထားကြောင်း သိရသည်။


ယခုစီမံကိန်းသည် စမ်းသပ်တည်ဆောက်ခဲ့သည့် စီမံကိန်းဖြစ်၍ အခန်းအရေအတွက်နည်းပါးခဲ့ပြီးရွှေနံ့သာတန်ဖိုးနည်းအိမ်ရာစီမံကိန်းအတွင်းအခန်းပေါင်း ၅၀၀ ကျော် ပါဝင်မည့် အပိုင်း (၂)နှင့် အပိုင်း (၃) အိမ်ရာစီမံကိန်းများကိုဆက်လက်တည်ဆောက်မည်ဟုသိရသည်။


ရန်ကုန်မြို့တွင် ယခင်အစိုးရလက်ထက်ကတည်ဆောက်ခဲ့သည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများမှ အခန်းအရေအတွက် ၂,၀၀၀ ကျော်ကိုဧပြီလကုန်ရောင်းချနိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။


Source:imyanmarhouse

Public Housing Read 221 times