ရွှေပြည်သာစက်မှုဇုန် (၁) တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ပြီးစီး


02 November, 2020

 

ရွှေပြည်သာစက်မှုဇုန် (၁) အတွင်းရှိစက်မှု(၆)လမ်းနှင့်ချယ်ရီလမ်းထောင့်တွင်တန်ဖိုးနည်းဝန်ထမ်းအိမ်ရာ တိုက်နှစ်လုံးကို ၂ဝ၁၅ ခုနှစ်နိုဝင်ဘာ ၁ဝ ရက်မှစ၍ဆောက်လုပ်ခဲ့ရာတစ်လွှာလျှင် ၁၈ပေx ၁၈ပေx ၉ပေ ရှိ အခန်းပေါင်း ၁၂ ခန်းပါငါးလွှာတိုက်နှစ်လုံးအခန်းပေါင်း ၁၂ဝ ခန်း ဆောက်လုပ်ပြီးစီးကြောင်းသိရသည်။

ယင်းတိုက်ခန်းများကိုရွှေပြည်သာစက်မှုဇုန် (၁) အတွင်းရှိပိုင်ရှင်နှင့်ဝန်ထမ်းလုပ်သားများသက်သောင့်သက်သာ နေထိုင်နိုင်ရေး၊ အချိန်တိုအတွင်းစက်ရုံ၊ အလုပ်ရုံများသို့သွားရောက်အလုပ်လုပ်ကိုင်နိုင်ပြီးကုန်ထုတ်စွမ်း အား ပိုမိုအသုံးပြုနိုင်ရေးအတွက်တန်ဖိုးနည်းဝန်ထမ်း အိမ်ရာများကို အရစ် ကျငွေပေးချေ စနစ်ဖြင့်ရောင်းချပေးခဲ့ပြီး ဝန်ထမ်းလုပ်သားများ ၇ဝဝ ခန့်နေထိုင်နိုင်မည်ဖြစ်သည်။

ပထမထပ်တစ်ခန်းလျှင်ကျပ်သိန်း ၁၂ဝ သိန်း၊ ဒုတိယထပ်တစ်ခန်းလျှင် ၁၁ဝ၊ တတိယထပ်တစ်ခန်းလျှင် ကျပ်သိန်း ၁ဝဝ သိန်း၊ စတုတ္ထထပ်တစ်ခန်းလျှင်ကျပ်သိန်း ၉ဝ၊ ပဉ္စမထပ်တစ်ခန်းလျှင်ကျပ်သိန်း ၈ဝ ဖြင့်အရစ် ကျ ဝယ်ယူနေထိုင်နေပြီဖြစ်သည်။

အခန်းတိုင်းတွင်ရေချိုးခန်း၊ အိမ်သာပါရှိပြီးရေမော်တာတစ်လုံးစီနှင့် လျှပ်စစ်အိမ်သုံးမီတာတစ်လုံးစီ တပ်ဆင်ပေးထားသည်။

 တိုက်ခန်းများတွင်နေထိုင်ကြသောတိုက်ခန်းပိုင်ရှင်ဝန်ထမ်းများအထဲမှစိတ်ပါဝင်စားသူများကို အများသဘောဖြင့် သာယာရေးကော်မတီဖွဲ့စည်းထားပြီးလုံခြုံရေးဝန်ထမ်းခန့်ထားခြင်း၊ စွန့်ပစ် အမှိုက်များကိုလည်းတိုက်ခန်းနေဝန်ထမ်းလုပ်သားများအားအနံ့ဆိုးဖြင့် စိတ်အနှောင့်အယှက်မဖြစ်ရ အောင် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနနှင့်ပူးပေါင်းပြီးသတ်မှတ်အမှိုက်ပုံးများစီစဉ်ဆောင်ရွက်ထားပြီး တစ်ပတ်လျှင် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) သုံးရက်အမှိုက်သိမ်းယာဉ်ဖြင့်သိမ်းဆည်းဆောင်ရွက် လျက်ရှိသည်။

တိုက်ခန်းတွင်နေထိုင်ကြသည့်ဝန်ထမ်းလုပ်သားများသွားလာသည့်အခါအဆင်ပြေချောမွေ့စေရန် မိုးတွင်းကာလလမ်းများအပေါ်ရေလျှံမှုများမရှိစေရေးကွန်ကရစ်ထပ်ပိုးလွှာခင်းခြင်း၊ ရေစီးရေလာကောင်းမွန် စေရေးကွန်ကရစ်အုတ်ရေမြောင်းများကိုလည်း Comsic Crown Co.,Ltd. က တာဝန်ယူဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

imyanmarhouse

Public Housing Local Read 101 times