Shwe Zawana Condominium စီမံကိန်းကို အမှတ်(၂)၊ သုမင်္ဂလာအိမ်ယာ၊ သင်္ဃန်းကျွန်းမြို့နယ်တွင် တည်ဆောက်လျှက် ရှိကြောင်း သိရသည်။
ယင်းစီမံကိန်းကို Nation Light ကုမ္ပဏီမှတာဝန်ယူဆောက်လုပ်ထားသည်ဟု သိရသည်။
ထိုစီမံကိန်းကို Nation Light ကုမ္ပဏီ မှဒီဇိုင်းရေးဆွဲပေးထားပြီး M&E design group မှ Mechanical & Engineerning ဒီဇိုင်းရေးဆွဲပေးထားကြောင်းသိရသည်။
ယင်းစီမံကိန်းတွင် basement တစ်ထပ်အပါအဝင် အထပ်ပေါင်း ၁၂ ထပ်ခွဲဖြင့် တစ်လွှာတွင် ၄ ခန်း နှင့် penthouse ၂ လုံးပါဝင်မည် ဖြစ်ကြောင်းသိရသည်။
ထိုစီမံကိန်း၏ basement နှင့် မြေညီထပ်တွင် ကားပါကင်ထားရှိမည်ဖြစ်ပြီး ပထမထပ်တွင် ရေကူးကန်၊အားကစားခန်းမ အစရှိသည့် facilities များထားရှိမည် ဟုသိရသည်။
ယင်းစီမံကိန်းတွင် ဓာတ်လှေခါးနှစ်စင်းပါဝင်မည်ဖြစ်ပြီး security card လည်းထားရှိမည်ဖြစ်သည်။
ထိုစီမံကိန်း၏ ဒုတိယထပ်မှစ၍ လူနေအိမ်ယာများထားရှိမည်ဟု သိရသည်။
ယင်းစီမံကိန်းတွင် အခန်း A နှင့် အခန်း B ဟူ၍ အခန်းအမျိုးအစားနှစ်မျိုးခွဲထားကြောင်းသိရသည်။
အခန်းအကျယ်အဝန်းမှာ အခန်း A တွင် ၁၇၇၀ စတုရန်းပေရှိပြီး အခန်း B တွင် ၁၃၄၀ စတုရန်းပေရှိမည်ဖြစ်ပြီး penthouse တွင် ၃၁၀၀ စတုရန်းပေရှိမည် ဖြစ်ကြောင်းသိရသည်။
အခန်း pricing မှာ စတုရန်းတစ်ပေလျှင် တစ်သိန်းရှစ်သောင်းခန့်ကျသင့်မည် ဟုသိရသည်။
ငွေပေးချေမှုမှာ ပထမ ၂၀ ရာခိုင်နှုန်းကို အရင်ပေးချေရမည်ဖြစ်ပြီး ကျန် ၈၀ ရာခိုင်နှုန်းကို သုံးနှစ်အရစ်ကျပေးချေရမည် ဖြစ်ကြောင်းသိရသည်။
This is an original writing of Myanmar Builders Guide based on information sourced from imyanmarhouse, house, en house website, nation light office.