အထပ်မြင့်ကွန်ဒိုအဆောက်အအုံတစ်ခု တည်ဆောက်နေခြင်းအားရွှေတိဂုံ စေတီတော်ဂေါပကအဖွဲ့မှကန့်ကွက်


03 December, 2020


ရွှေတိဂုံစေတီတော်၏ ကြံ့ခိုင်မှုအား ထိခိုက်စေနိုင်သည့် ဗဟန်းမြို့နယ်ရှိ အထပ်မြင့် ကွန်ဒိုအဆောက်အအုံတစ်ခုတည်ဆောက်နေခြင်းကို ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့မှ ကန့်ကွက်ထားကြောင်း သိရသည်။

အဆိုပါအဆောက်အအုံသည် ဗဟန်းမြို့နယ်လင့်လမ်းနှင့် အနောက်ရွှေဂုံတိုင်လမ်းထောင့်တွင် တည်ဆောက်နေသော အဆောက်အအုံဖြစ်ပြီး မြေအောက်ကားပါကင်နှစ်ထပ်နှင့်

အထပ်မြင့်အဆောက်အအုံဖြစ်နေသောကြောင့် ရွှေတိဂုံ ကုန်းတော်ကြံ့ခိုင်ရေးကို ထိခိုက်သဖြင့် ကန့်ကွက်ထားခြင်းဖြစ်ကြောင်းသိရသည်။

ယင်းတည်ဆောက်မည့် အဆောက်အဦသည် ကွန်ဒိုအဆောက်အအုံ ဖြစ်ပြီး ၂၈ ပေ ရှိသော မြေအောက်ကားပါကင် နှစ်ထပ်နှင့် အထပ်မြင့် ၂ဝ ထပ်ကျော် ပါရှိသည်။

ယခင်ကလည်း ရွှေတိဂုံစေတီတော်မြင်ကွင်းအား ကွယ်စေနိုင်မည့် ရွှေတိဂုံစေတီတော် ကြံ့ခိုင်မှုကို ထိခိုက်နိုင်မည့် ဒဂုံစီးတီး စီမံကိန်းနှင့် ဦးဝိစာရလမ်းတွင် တည်ဆောက်မည့် အထပ်မြင့်အဆောက်အအုံတစ်ခုကိုလည်း ကန့်ကွက်ခဲ့ကြောင်းသိရသည်။

ရွှေတိဂုံစေတီတော်ရေရှည် တည်တံ့စေရန် သဘာဝဘေးအန္တရာယ်များအပြင် လူလုပ်ဘေးအန္တရာယ်မျျားလည်း ကင်းဝေးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ၂ဝ၁၉-၂ဝ၂ဝ ခုနှစ်တွင် ယူနက်စကိုတွင် တင်သွားမည်ဖြစ်၍ ဇုန်များ သတ်မှတ်ကာ စနစ်တကျကာကွယ်ရန် လိုအပ်သည်။

ရွှေတိဂုံစေတီတော်ကမ္ဘာ့ အမွေအနှစ်စာရင်းတင်သွင်းရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဂေါပက အဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အချက်အလက်စုဆောင်းခြင်းများ ဆောင်ရွက်ပြီးပါက

အဆိုပြုလွှာ တင်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရပြီး ရွှေတိဂုံစေတီတော်အား ရှေးဟောင်းဇုန်အဖြစ် သတ်မှတ်ကာကွယ်ထိန်းသိမ်းလျက်ရှိကြောင်းသိရသည်။

Local Read 37 times