မြန်မာနိုင်ငံ၏ စီမံကိန်းနှစ်ခုတွင်စင်ကာပူမှ ဒေါ်လာသန်း ၁၃၀ ကျော်ရင်းနှီးမြုပ်နှံမည်


02 November, 2020

မြန်မာနိုင်ငံ၏အိမ်ယာအဆောက်အအုံကဏ္ဍရှိစီမံကိန်းနှစ်ခုတွင်စင်ကာပူမှဖက်စပ်နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဖြင့် ဒေါ်လာ ၁၃၀ သန်းကျော်ရင်းနှီးမြုပ်နှံလုပ်ကိုင်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကောင်မရှင်သတင်း ထုတ်ပြန်ချက်အရသိရသည်။

ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့နယ်ပြည်လမ်းနှင့်စကားဝါလမ်းထောင့်ရှိမေကွက်အမှတ် ၄၈ အေ၊ ၄၈ဘီ၊ ၁၄၉ ဘီ၊ မြေတိုင်းရပ်ကွက်အမှတ် ၄၆ စီရှိမေဧရိယာ ၈၄၉၆ဧကအနက် ၆၄၂၂ ဧကပေါ်တွင် KT Club Development Project Co.,Ltd ကဖက်စပ်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဖြင့် Renovation of Existing (5) Building, Construction,Operation and Leasing of Hotel and Serviced Residence လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်းမြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်ရှင်သတင်းထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင်ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်မြောက်ပိုင်း၊ မြေကွက်အမှတ်(၃+၄)၊ မြေတိုင်းရပ်ကွက်အမှတ်၊ (၃၃အေ)တွင် SSCP Riverside Co.,Ltd ကဖက်စပ်နိုင်ငံခြားရင်းနှီးမြုပ်နံှမှုဖြင့် construction, Leasing and Management of Residential Apartment and Office Space လုပ်ငန်းလုပ်ကိုင်မည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏အစည်းအဝေးကို ၂၀၁၇ ခုနှစ်ဇွန် ၁၆ ရက်ကကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၂၂ ခုခွင့်ပြုခဲ့ပြီး ရင်းနှီးမြုပ်နှံမှုပမာဏဒေါ်လာ ၇၁၃ ဒသမ ၄၃၃ သန်းနှင့်ပြည်တွင်းလုပ်သားများအတွက်အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၈၃၈၇ ခုကိုဖန်တီးပေးနိုင်ကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်ရှင်သတင်းထုတ်ပြန်ချက်အရသိရသည်။

Daily Eleven

Public Housing Read 66 times