၎င်းကွန်ဒိုသည်သံသုမာလမ်းနှင့်ဝေဇယန္တာလမ်းထောင့် ၊ အောင်ဆုပန်ရပ်ကွက် ၊ သင်္ဃန်းကျွန်းမြို့နယ် ၊ ရန်ကုန်မြို့တွင်ဆောက်လုပ်နေခြင်းဖြစ်ပါသည်။
ယင်းပရောဂျက်ကို၂၀၁၃ခုနှစ်တွင်စတင်ဆောက်လုပ်၍၂၀၁၈ခုနှစ်၅လပိုင်းတွင်ဆောက်လုပ်ပြီးစီးမည်ဟုခန့်မှန်းကြောင်းသိရပါသည်။
ယင်း Condo ကို ဗီယက်နမ်နိင်ငံမှ Design အဖွဲ့မှ ဒီဇိုင်းရေးဆွဲ၍ Crown advanced Construction မှ ဆောက်လုပ်ခြင်းဖြစ်သည်ဟုသိရပါသည်။
ယင်းပရောဂျက်တွင် Basement (၂)ထပ်+(၂၅)ထပ်အဆောက်အအုံ(၂)လုံးနှင့် (၂၇)ထပ်အဆောက်အအုံတစ်လုံးစုစုပေါင်းအဆောက်အအုံ(၃)လုံးပါဝင်ကြောင်းသိရပါသည်။
အဆောက်အအုံများဧ။်အကျယ်အဝန်းမှာ(၁၂၁’၁” x ၁၁၀’၂”) နှင့် (၁၁၀’၂” x ၁၂၁’၁”) ဖြစ်ကြောင်းသိရပါသည်။
တစ်လွှာတွင်ငါးခန်းစီပါဝင်ကြောင်းလည်းသိရပါသည်။
အခန်းများမှစတုရန်းပေ၂၅၂စီကျယ်ဝန်းကြောင်းသိရပါသည်။
အဆောက်အဦးတိုင်းတွင်ဓာတ်လှေခါးတစ်စီးစီပါဝင်မည်ဟုသိရသည်။
တစ်ခန်းလျှင်တစ်စီးနှုန်းရပ်နားနိင်သောကားပါကင်ကို Basement တွင်ထားရှိမည်ဖြစ်သည်။
Swimming Pool ၊ Gym ၊ Shopping Mall စသည့် Facilities များပါဝင်ကြောင်းသိရပါသည်။
အဆိုပါပရောဂျက်ရှိအခန်းများကိုရောင်းချမည်မဟုတ်ဘဲ Service Apartment များအနေဖြင့်သာအသုံးပြုမည်ဟုသိရပါသည်။