မြန်မာနိုင်ငံ၏ အကြီးဆုံးနေရောင်ခြည်စွမ်းအင်သုံး အသေးစားဓာတ်အားပေးစက်ရုံ


14 November, 2020

ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာန၊ကမ္ဘာ့ဘဏ်နှင့် Mandalay Yoma Co.,Ltd တို့ပူးပေါင်းဆောင်ရွက်သော မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းတွင်မြန်မာနိုင်ငံ၏

အကြီးဆုံးနေရောင်ခြည်စွမ်းအင်သုံး အသေးစားဓာတ်အားပေးစက်ရုံကို နိုဝင်ဘာ ၁၂ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျောက်တောင်ကျေးရွာတွင်တပ်ဆင်ထားသော နေရောင်ခြည်စွမ်းအင်သုံးအသေးစားဓာတ်အားပေးစက်ရုံမှာ မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်ပြီး

လျှပ်စစ်ဓာတ်အား ၁၂ဝကီလိုဝပ်၊ဆည်တောကျေးရွာ တွင်၁၁ဝကီလိုဝပ်ထုတ်လုပ်ပေးနိုင်ပြီး ယင်းတို့မှ အိမ်ခြေပေါင်း ၂၅ဝကို လျှပ်စစ်မီးပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

Mandalay Yoma အနေဖြင့် လာမည့်နှစ်နှစ်အတွင်းတွင်မြန်မာနိုင်ငံရှိဝေးလံခေါင်ဖျားဒေသများရှိ လူဦးရေ ၁ဒသမ ၅သန်းခန့်၊အိမ်ခြေပေါင်း ၃ဝဝ,ဝဝဝ ခန့်အတွက်

နေရောင်ခြည်စွမ်းအင်သုံး အသေးစားဓာတ်အားပေးစက်၁ဝဝဝ ခန့်ဖြင့် လျှပ်စစ်ဓာတ်အား ပေးနိုင်ရန်ရည်မှန်းထားကြောင်း သိရသည်။

Mandalay Yoma ၏ရည်မှန်းချက်သည် မြန်မာနိုင်ငံ၏ကျေးရွာတိုင်းကိုလျှပ်စစ်မီးပေးနိုင်ရန်ဖြစ်သည်။ကျေးရွာများ အားလုံးထဲမှ ၁ဝရာခိုင်နှုန်းလောက်သာ မီးရရှိသေးကြောင်း၊

ဒီနှစ်ထဲတွင် ကျေးရွာပေါင်း ၃ဝလောက်သာလျှပ်စစ်မီးပေးနိုင်ရန်ကြိုးစားသွားမည်ဖြစ်ပြီး နောက်နှစ်ထဲတွင် ကျေးရွာပေါင်း ၁ဝဝ နောက်ငါးနှစ်အတွင်းတွင် ကျေးရွာပေါင်း ၁ဝဝဝခန့်အထိလျှပ်စစ်မီးရရန်ကြိုးစားသွားမည်ဖြစ်ကြောင်း Mandalay Yoma Co.,Ltd ၏ CEOမှ ပြောကြားခဲ့ကြောင်း သိရသည်။

စက်လည်ပတ်မှုအာမခံ ၂၅နှစ်ပေးထားသော TATA Power SOLAR စနစ်ကို အသုံးပြုထားသောကြောင့် လျှပ်စစ်ဓာတ်အားပေးနိုင်ရုံသာမက ကျေးရွာရှိ စက်ရုံငယ်များ၊နေအိမ်များတွင် အသုံးပြုသော

TV,ရေခဲသေတ္တာ၊လျှပ်စစ်ထမင်းပေါင်းအိုးနှင့်အခြားအိမ်သုံးလျှပ်စစ်ပစ္စည်းများကို၂၄နာရီပတ်လုံး လျှပ်စစ်မီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Source:Pyi Myanmar

Infrastructure and Zones Read 52 times