Smart ကားပါကင်များလုပ်ဆောင်ရန် စီစဉ်


07 December, 2020

ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ရန်အတွက် မြို့တွင်းမြို့နယ်များတွင် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း၍ Smart ကားပါကင်များလုပ်ဆောင်ရန် စီစဉ်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဒုတိယဝန်ကြီး မှ ပြည်သူ့လွှတ်တော်တွင်ပြောကြားခဲ့ကြောင်း သိရသည်။

"ရန်ကုန်မြို့၏ ကားပါကင်အခက်အခဲတွေဖြေရှင်းနိုင်ရန်အတွက် လမ်းမကြီးတွေမှာ လမ်းနယ်နိမိတ်တိုးချဲ့ပြီး ယာဉ်ရပ်နားနေရာများတည်ဆောက်ပေးလျက်ရှိသလို အဆောက်အအုံများ ဆောက်လုပ်ရာမှာလည်း အဆောက်အအုံအသုံးပြုမှုအလိုက် ကားပါကင်များ စနစ်တကျလုံလောက်စွာထည့်သွင်းတည်ဆောက်ဖို့ မူဝါဒဆောင်ရွက်လျက်ရှိပါတယ်"

ဟု ပြောကြားခဲ့သည်။

        Smart ကားပါကင်စနစ်သည် ဈေးနှုန်းသက်သာသည့်ထိန်းချုပ်မှုစနစ်ကို အသုံးပြုပြီး ပါကင်အတွင်းရှိသည့် ကားအရေအတွက်နှင့် ဝင်ဆံ့နိုင်သည့် ကားအရေအတွက်တို့ကို စမတ်ဖုန်းမှ တစ်ဆင့်ကြည့်ရှုအသုံးပြုနိုင်သည့် စနစ်တစ်ခုဖြစ်ကြောင်းသိရသည်။

        ရန်ကုန်မြို့သည် ၂ဝ၁ဝ ပြည့်နှစ်မတိုင်ခင်က ယာဉ်အစီးရေ ၁ ဒသမ ၆ သိန်းရှိခဲ့ရာမှ ၂ဝ၁၁ ခုနှစ်စက်တင်ဘာတွင် မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒကို ဖြေလျှော့ပေးခဲ့ချိန်မှစပြီး ရန်ကုန်မြို့၏ ယာဉ်အစီးရေ လျင်မြန်စွာတိုးပွားခဲ့သည်။

         ထို့ကြောင့် ၂၀၁၈ ခုနှစ် အောက်တို ဘာလကုန်အထိ ၌ ရန်ကုန်မြို့တွင် မှတ်ပုံတင်ထားပြီး သွားလာအသုံး ပြုနေသည့် လူစီးမော်တော်ယာဉ် ၅၃ဝ,ဝဝဝ  ကျော်ရှိပြီး  တိုးတက်များပြားလာသော မော်တော်ယာဉ်အစီးရေ နှင့် လမ်းရဲ့ ယာဉ်အစီးရေဝင်ဆံ့မှု အချိုးမျှတမှုမရှိ ခြင်း၊ လမ်းမျက်နှာပြင်များပျက်စီးမှု၊ မိုးတွင်းကာလတွင် လမ်းများပေါ်၌ ရေကြီးရေလျှံမှုကြောင့် ယာဉ်များဖြည်းညင်းစွာ မောင်းနှင်ရ၍ ယာဉ်ကြော ပိတ်ဆို့ခြင်း၊ လမ်းများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားခြင်း၊ မောင်းနှင်ခြင်း၊ လမ်းဘေးနှင့် လမ်းပေါ် တွင် စည်းကမ်းမဲ့ ဈေးသည်များရောင်းခြင်း၊ မီးပွိုင့်စနစ်သည် တိုးတက်သည့် ယာဉ်အစီးရေးနှင့် ကိုက်ညီသည့် ခေတ်မီမှုမရှိခြင်း၊ ခရီးသည်တင် ဘတ်စကားများ စနစ်တကျ မောင်းနှင်မှုမရှိခြင်း တို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုပြဿနာများဖြစ် နေရကြောင်း သိရသည်။

        ထို့ကြောင့် ရန်ကုန်မြို့တွင်း တိုးတက်များပြား လာသည့် လူဦးရေနှင့်လိုက်လျောညီမည့် အများ ပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်များ ပေါ်ပေါက်လာ စေရန် ရေရှည်စီမံချက်ချ၍ လုပ်ဆောင်ပေးခြင်းဖြင့် အများပြည်သူသုံးစနစ်တိုးတက်ကောင်းမွန်လာပြီး ကိုယ်ပိုင်ကားအသုံးပြုမှုလျော့ပါးစေခြင်းတို့ဖြင့်ယာဉ်ကြောကျပ်တည်းမှု ပြဿနာနှင့် ကားပါကင် ပြ ဿနာများ ရှင်းသွားနိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Local Read 93 times