နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း SMEs များပါဝင်မှုသည် ၉၉ရာခိုင်နှုန်းရှိပြီး SME များဖွံ့ဖြိုးတိုးတက်လာပါက
ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တစ်ဦးချင်း ဝင်ငွေပါ တိုးတက်လာမည်ဖြစ်သည်။
သို့ဖြစ်၍ မြန်မာ့စီးပွားရေးဘဏ်မှ SMEs လုပ်ငန်းများအား ဘဏ္ဍာငွေပံ့ပိုးကူညီရန် JICA မှ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ ချေးငွေ (ODA)ချေးငွေရယူ၍ SME နှစ်ဆင့်ချေးငွေစီမံကိန်း ပထမအဆင့် (Phase-1) အားတာဝန်ယူဆောင်ရွက်လျက်ရှိသည်။
JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် အကျုံးဝင်သော SMEs လုပ်ငန်းများ
၂ဝ၁၅ခုနှစ် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ-၂(က)၊(ခ) တွင် ပါရှိသည့် SME သတ်မှတ်ချက်နှင့် ညီညွှတ်သည့် အောက်ဖော်ပြပါ SME လုပ်ငန်းများချေးငွေရယူနိုင်ပါသည်။
(က)ကုန်ထုတ်လုပ်မှုလုပ်ငန်း
(ခ)လုပ်သားအခြေပြုလုပ်ငန်း
(ဂ)လက်လီရောင်းဝယ်ရေးလုပ်ငန်း
(ဃ)လက္ကားရောင်းဝယ်ရေးလုပ်ငန်း
(င)ဝန်ဆောင်မှုလုပ်ငန်း
(စ)အခြား
JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် အကျံုးမဝင်သော လုပ်ငန်းများ
(က)မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန်အရည်အသွေးပြည့်မီမှုရှိသော လယ်သမားများ
(ခ)အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ
(ဂ)ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်း
(ဃ)အဖိုးတန် သတ္တုရောင်းဝယ်ရေးလုပ်ငန်းများ
(င)အရက်ဆိုင်များနှင့် ပျော်ပွဲစားရုံလုပ်ငန်း
(စ)ဖြေဖျော်မှု၊တင်ဆက်မှု(နိုင်ငံခြားခရီးသွားလုပ်ငန်းမပါ) လုပ်ငန်း
(ဆ)လက်နက်၊ခဲယမ်းထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းစသည့်လုပ်ငန်းများအား ငွေထုတ်မချေးပါ။
စဉ် | JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းချေးငွေ ထုတ်ချေးခြင်းအတွက် သတ်မှတ်ချက် | |
၁။ | SME လုပ်ငန်းတစ်ခုသို့ထုတ်ချေးနိုင်သည့် ငွေပမာဏ |
အများဆုံး (၅ဝဝ)သန်း |
၂။ | ချေးငွေအား အသုံးပြုရာတွင် သတ်မှတ်ချက် |
Fixed Assets အတွက် ၈ဝ% |
Working Capital အတွက် ၂ဝ% |
||
၃။ | ချေးငွေအတိုးနှုန်း |
၁နှစ်လျှင် ၈.၅% |
၄။ | ချေးငွေသက်တမ်း |
၃နှစ်မှ ၅နှစ်ထိ |
JICA SME နှစ်ဆင့်ချေးငွေ စီမံကိန်းပထမအဆင့် Phase-I တွင် ချေးငွေရယူရန် ဆက်သွယ်လျှောက်ထားနိုင်သည့် ဘဏ်များမှာ-
(၁)အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်
(၂)မြန်မာ့ရှေ့ဆောင်ဘဏ်
(၃)မြန်မာနိုင်ငံသားများဘဏ်
(၄)ဧရာဝတီဘဏ်
(၅)ကမ္ဘောဇဘဏ်
(၆)သမဝါယမဘဏ်
JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းပထမအဆင့် (Phase-1) ဆောင်ရွက်မှုအခြေအနေ
JICA မှ တရားဝင်ဖွံ့ဖြိုးတိုးတတ်မှုချေးငွေရယူရန် ငွေရေးကြေးရေးဆိုင်ရာ ပါ၀င်ဆောင်ရွက်သည့် အဖွဲ့အစည်း (Participating Financial Institution) (PFIs) အဖြစ် ပုဂ္ဂလိကဘဏ် ၆ ဘဏ်မှတစ်ဆင့် ငွေကျပ် ၅၇၆၃၄ သန်းအား SME လုပ်ငန်းရှင် ၂၆၉ ဦးသို့ ချေးငွေများ ထုတ်ချေးပြီး ဖြစ်ပါသည်။
အဆိုပါထုတ်ချေးငွေများအနက်မှ ပြန်လည်ပေးဆပ်လာသော အရင်းငွေရပ်များအား လှည့်ပတ်ရန်ပုံငွေစာရင်းတွင် ထားရှိ၍ ပြန်လည်ထုတ်ချေးလျက်ရှိရာ စီမံကိန်းစတင်ချိန်မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာအထိ စုစုပေါင်း SMEs လုပ်ငန်းရှင် ၂၉၂ဦးသို့ စုစုပေါင်းငွေကျပ် ၆၁၁၄၆ ဒသမ ၉၈ သန်းအား
ထုတ်ချေးခဲ့ပြီး SMEs လုပ်ငန်းသစ်များကို ဆက်လက်ထုတ်ချေးသွားမည် ဖြစ်ပါသည်။
JICA SME နှစ်ဆင့်ချေးငွေ စီမံကိန်းပထမအဆင့် (Phase-1) တွင်တိုင်းဒေသကြီး/ပြည်နယ်အလိုက် ထုတ်ချေးထားမှုအခြေအနေ
စဉ် | တိုင်းဒေသကြီး/ပြည်နယ် | ဦးရေ | ငွေပမာဏ(ကျပ်သန်းပေါင်း) |
၁ | နေပြည်တော်ကောင်စီနယ်မြေ | - | - |
၂ | ကချင်ပြည်နယ် | ၁ | ၈ဝ |
၃ | ကယားပြည်နယ် | - | - |
၄ | ကရင်ပြည်နယ် | ၁ | ၃၀ |
၅ | ချင်းပြည်နယ် | - | - |
၆ | စစ်ကိုင်းတိုင်းဒေသကြီး | ၆ | ၁,၆၉၁ |
၇ | တနင်္သာရီတိုင်းဒေသကြီး | ၁ | ၃၀၀ |
၈ | ပဲခူးတိုင်းဒေသကြီး | ၂၆ | ၂,၇၄၁.၇၅ |
၉ | မကွေးတိုင်းဒေသကြီး | ၁၀ | ၁,၅၇၅ |
၁၀ | မန္တလေးတိုင်းဒေသကြီး | ၅၀ | ၁၁,၃၃၈ |
၁၁ | မွန်ပြည်နယ် | ၂ | ၁၄၅ |
၁၂ | ရခိုင်ပြည်နယ် | ၃ | ၄၇၀ |
၁၃ | ရန်ကုန်တိုင်းဒေသကြီး | ၁၁၃ | ၂၉,၈၁၂.၄၈ |
၁၄ | ရှမ်းပြည်နယ် | ၁၇ | ၃,၀၃၃ |
၁၅ | ဧရာဝတီတိုင်းဒေသကြီး | ၄၂ | ၉,၉၃၀.၇၅ |
စုစုပေါင်း | ၂၉၂ | ၆၁၁၄၆.၉၈ |
JICA SME Two-Step Loan စီမံကိန်းဒုတိယအဆင့် (Phase-2) ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်
JICA SME Two-Step Loan စီမံကိန်းဒုတိယအဆင့် (Phase-2)တွင် ချေးငွေဂျပန်ယန်း ၁၄၉၄၉ သန်း ရယူရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
စီမံကိန်းဒုတိယအဆင့် အကောင်အထည်ဖော်ဆောင်ရွက်ပါက ငွေရေးကြေးရေးဆိုင်ရာ ပါ၀င်ဆောင်ရွက်သည့်အဖွဲ့အစည်း (PFIs) ဖြစ်သော ဘဏ်များအား အသစ်ပြန်လည်ရွေးချယ်သွားမည်ဖြစ်ပြီး အဆိုပါဘဏ်များမှ တစ်ဆင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး ပြည်နယ်အသီးသီးသို့ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ချေးသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်းသိရသည်။