အိမ်ရာအရောင်းပြပွဲများမှ တစ်ဆင့်အိမ်ခန်းများကွန်ဒိုများ ဝယ်ယူမှုများပြားလာခဲ့ရခြင်းသည် အရစ်ကျစနစ်နှင့် အဓိက အားသာချက်ကြောင့်ဖြစ်သည်။
ယခုနောက်ပိုင်းတွင် အိမ်ခြံမြေ ပြပွဲများမှ တစ်ဆင့် ရောင်းသူ၊ဝယ်သူတိုက်ရိုက် ဝယ်ယူခွင့်ရလာကြသည်။
တိုက်ရိုက်ဝယ်ယူခြင်း၏အကျိုးဆက်အနေနှင့် ကောင်းကျိုးများပိုများပြီး Customer များဘက်ကလည်း ကွန်ဒိုများ၊တိုက်ခန်းများကို အပြင်တွင်
သီးသန့် ရှာဖွေခြင်းမျိုးမလုပ်တော့ဘဲOnline မှ Register လုပ်ပြီး ပြပွဲတည်နေရာနှင့် သတ်မှတ်ထားသော အချိန်အတိုင်း လာရောက်ဝယ်ယူရုံတင်။
အားသာချက်အနေဖြင့် တိုက်ရိုက်မေးမြန်းခွင့်အပြင် ဘဏ်ချေးငွေများနှင့် အရစ်ကျများနေရာယူလာသောကြောင့် ဝယ်ယူမှုမြင့်တက်လာခြင်းဖြစ်သည်။
(၂ဝ၁၈)စျေးကွက်အရဆိုလျှင် လူများနှင့် အရစ်ကျ စနစ်နှင့်သာဆောက်လုပ်ပေးသွားမည်ဆိုလျှင် Construction စျေးကွက်သည် ပိုမိုကောင်းမွန်လာပြီး
အဓိကမှာ ဆောက်လုပ်သူများဘက်ကလည်း အရည်အသွေးမှီ ဆောက်လုပ်ပြီး ဝယ်ယူသူများဘက်ကလည်း ထိုအရစ်ကျ အား ဝယ်နိုင်သည့် Payment ကို ပုံမှန်ပေးချေသင့်သည်။
(၂ဝ၁၇)ခုနှစ် တစ်နှစ်ပတ်လုံးအိမ်ခြံမြေပြပွဲကျင်းပရေး ကုမ္ပဏီများနှင့် အဆင့်မြင့်ကွန်ဒိုများတည်ဆောက်သောဆောက်လုပ်ရေးလုပ်ငန်းရှင်များကိုယ်တိုင်လည်း
Private Sales Event များ ကျင်းပခဲ့ခြင်းသည်လည်း အိမ်ခြံမြေ ကဏ္ဍတိုးတက်မှုလမ်းစ တစ်ခုဖြစ်သည်။
ပြီးခဲ့သော ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်လိုက်သည့် ကွန်ဒိုမီနီယံနည်းဥပဒေသည် မြန်မာ့အိမ်ခြံမြေ ကဏ္ဍဖွံ့ဖြိုးမှုအပိုင်းအတွက်အလွန်အရေးပါသော
ဥပဒေတစ်ခုဖြစ်သည်။ယင်းကွန်ဒိုဥပဒေတွင် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ နည်းဥပဒေအတည်ပြုရန်ဆောက်လုပ်ရေးလုပ်ငန်းရှင်များ (၂)နှစ်နီးပါးစောင့်ဆိုင်းခဲ့ရသည်။
လက်ရှိထွက်လာသော ကွန်ဒိုမီနီယမ်နည်းဥပဒေမှာလည်း အခက်အခဲ တစ်ချို့ရှိနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ သုံးသပ်ချက်အရ သိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ဘက်မှ စတင်လုပ်မည့်လုပ်ငန်းဆိုလျှင် (၂ဝ)ရာခိုင်နှုန်းအရင်ဆုံး Deposit တင်ရမည်။
ဥပမာ ထိုပရောဂျက်အတွက် ဘီလီယံ(၁ဝဝ)ကုန်မည်ဆိုလျှင် ဘီလီယံ(၂ဝ)အား နိုင်ငံတော်ကိုDeposit အနေနှင့်တင်ရမည်။
နောက်တစ်ချက်၏ လုပ်ငန်း၏ (၃ဝ)ရာခိုင်နှုန်းခန့်တည်ဆောက်မှုပြီးမှသာ စတင်ရောင်းချခွင့်ပြုရမည်ဖြစ်သည့်အတွက်တော်တော်လေး အခက်အခဲဖြစ်သည်။
နိုင်ငံခြားသားမှ ဝယ်မည်ဆိုလျှင် Cash Down နှင့် မြန်မာပြည်တွင်ဝယ်၍မရ။နိုင်ငံခြားဘဏ်တစ်ခုမှ တရားဝင်စာရင်းဖွင့်ပြီး ထိုစာရင်းနှင့် လွှဲမှ ဝယ်၍ရသည်။
ထို့ကြောင့် ဒီနိုင်ငံတွင်နေရင်းနှင့် အလုပ်လုပ်သော နိုင်ငံခြားသားများလက်ထဲတွင် ပိုက်ဆံရှိနေသည်ဆိုလျှင်ဝယ်လို့မရ၊သူ့နိုင်ငံမှ တစ်ဆင့်ပြန်လွှဲပြီးမှ
ဝယ်၍ရမည်။တခြားအခက်အခဲများစွာလည်းရှိသေးသည် ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၏ဗဟိုကော်မတီဝင်မှ ရှင်းပြသည်။
အိမ်ခြံမြေပြပွဲများတွင် ယုံကြည်မှုရှိရှိနှင့် အိမ်ရာပရောဂျက်များဝယ်ယူမှုများပြားနေသလို ကွန်ဒိုများဆောက်လုပ်သည့် လုပ်ငန်းရှင်များအနေနှင့် ကွန်ဒိုမီနီယံနည်းဥပဒေတွင် အခက်အခဲတစ်ချို့ရှိနေသည်။
ဥပဒေဆိုသည့်အတိုင်း ပြင်ဆင်ရန်လည်း အချိန်ယူဖို့ လိုအပ်သေးပေမဲ့ ဒီဥပဒေထွက်လာခြင်းသည် ဆောက်လုပ်ရေးအုတ်မြစ်ချရန် အားအင်သစ်တစ်ခုမွေးဖွားပေးလိုက်သလိုပင်။