အံ့သြဖွယ်ရာ ပြောင်းလဲသွားတဲ့ မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတစ်နေရာ


14 February, 2019

ကချင်ပြည်အစိုးရအဖွဲ့ဟာ ဝန်ကြီးချုပ်ရဲ့လမ်းညွှန်မှုနဲ့ အညီ ခေတ်အဆက်ဆက်ပစ်ထားခဲ့တဲ့ မြစ်ကြီးနား ဆွမ်ပရာဘွမ် ပူတာအို လမ်းပိုင်းကို ကတ္တရာလမ်း ကွန်ကရစ်လမ်း များအဖြစ်တည်ဆောက်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။

 ဒီလိုတည်ဆောက်တဲ့အခါမှာ အခက်အခဲများစွာကြုံတွေ့ဖြတ်ကျော်ခဲ့ရပါတယ်။အစိုးရစတက်တဲ့ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ပြည်နယ်အစိုးရရံပုံငွေ ကျပ် (၇)ဘီလီယံ နဲ့ ကမ္ဘာကျော်ဗွက်တန်းကြီးများဖြစ်တဲ့ မိုင်ထောင်ဗွက်တန်း အင်ကောမဗွက်တန်း များကိုရှင်းလင်းဖယ်ရှားပြီး ကွန်ကရစ်လမ်းအဖြစ် (၆/၆)မိုင် ဆောင်ရွက်နိုင်ခဲ့ကာ မိုးတွင်းကာလကိုပင် ပူတာအိုမြို့အထိ သွားလာနိုင်ခဲ့ပါတယ်။

 ၂၀၁၈-၂၀၁၉(main)ဘဏ္ဍာနှစ်မှာ ပြည်နယ်အစိုးရက (၁၆/၃) မိုင်၊ ပြည်ထောင်စုက(၁၃/၇)မိုင်၊ ပေါင်း (၃၀/၂)မိုင်၊ (၅၀)ပေအောက် တံတား (၈၇)စီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒီဘတ်ဂျက်နှစ်ကုန်ရင် စုစုပေါင်း (၆၀/၂)မိုင် ကွန်ကရစ်လမ်းများဖြစ်သွားမှာ ဖြစ်ပါတယ်။ (၅၀)ပေအောက်တံတားပေါင်း(၃၄၀)စင်း၊ (၅၀’-၁၀၀’)ကြားတံတား(၁၅)စင်း၊ (၉-၃-၂၀၁၉)ရက်နေ့ကဖွင့်လှစ်ခဲ့တဲ့ (၉၀)မီတာအရှည်ရှိ တီယာန်ဇွပ် RC တံတား၊(၆၂)မီတာအရှည်ရှိ ဒရုခ RC တံတား များတည်ဆောက်ပြီးဖြစ်ပါတယ်။

  မြစ်ကြီးနား ဆွမ်ပရာဘွမ် ပူတာအို လမ်းရဲ့ ကျန်တဲ့မိုင်(၅၀)ကျော်ခန့်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စု နဲ့ ပြည်နယ်အစိုးရ ရံပုံငွေ ပေါင်းပြီး အပြီးဆောင်ရွက်ရန် ရာထားပါတယ်။

Region Read 109 times