ရန်ကုန်မြို့မြောက်ဘက်တွင် စက်မှုဇုန်တည်ဆောက်ခွင့် တောင်ကိုရီးယားကော်ပိုရေးရှင်း ရရှိ


02 November, 2020

 

မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သည့်ရန်ကုန်မြို့၏မြောက်ဘက် ၁၀ ကီလိုမိတာအကွာတွင် စတုရန်းပေး ၂ ဒသမ ၃၇ သန်းရှိစက်မှုဇုန်တည်ဆောက်ခွင့်ကိုတောင်ကိုရီးယားအစိုးရပိုင်ကော်ပိုရေးရှင်းတစ်ခုဖြစ်သော Korea Land & Housing Corporation(LH) မှရရှိခဲ့ကြောင်းသိရသည်။

ယင်းစီမံကိန်းဆောင်ရွက်ရန်အတွက် ၂၀၁၃ ခုနှစ်ကတည်းကစတင်ဆွေးနွေးခဲ့ပြီး ၂၀၁၅ တွင် နားလည်မှု စာချွန်လွှာရေးထိုးနိုင်ခဲ့ကာယခု ၂၀၁၇ တွင်သဘောတူညီမှုရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းစက်မှုဇုန်သည်လူဦးရေခြောက်သန်းနေထိုင်သည့် ရန်ကုန်မြို့နှင့် နီးကပ်စွာတည်ရှိပြီး မြန်မာနိုင်ငံ၏ အချက်အချာနေရာများဖြစ်သော နေပြည်တော်နှင့် မန္တလးသို့သွားရောက်ရာလမ်းများအနီးတွင်တည်ရှိကာရန် ကုန်လေဆိပ်နှင့် မိနစ် ၃၀ အကွာ၊ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများနှင့်တစ်နာရီအကွာခရီးတွင်တည်ရှိသည်ဟု ဖော်ပြထားသော်လည်းနေရာအတိအကျနှင့်ရင်းနှီးမြှုပ်နှံမှုပမာဏကိုမထည့်သွင်းထားပေ။

ယင်းစီမံကိန်းသည် တောင်ကိုရီးယား-မြန်မာနှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏သဘောတူညီမှု ရလဒ်ကောင်းဖြစ်ပြီးကိုရီးယားကုမ္ပဏီများမြန်မာနိုင်ငံသို့ဝင်ရောက်ရင်းနှီးမြှုပ်နှံရန်အတွက် အခွင့်အလမ်းကောင်းများဖြစ်စေမည်ဟုမျှော်မှန်းထားသည်။

သဘောတူညီမှုလက်မှတ်တွင် မြန်မာအစိုးရနှင့် LH တို့အကြားအကျိုးတူပူးပေါင်းမှုဆိုင်ရာအသေးစိတ် အ ချက်အလက်များပါဝင်ပြီး လမ်း၊လျှပ်စစ်၊ရေကဲ့သို့ အခြေခံအဆောက်အအုံတည်ဆောက်ရေးကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုနည်းလမ်းများ၊ ယှဉ်ပြိုင်နိုင်စွမ်းကောင်းမွန်ရေးကိစ္စများပါဝင်ကြောင်းသိရသည်။

ယင်းစက်မှုဇုန်စီမံကိန်းသည်အလုပ်အကိုင်အခွင့်အလမ်းငါးသောင်းမှတစ်သိန်းအထိရှာဖွေပေးနိုင်မည်ဖြစ်ပြီး ကိုရီးယားနိုင်ငံသွင်းကုန်-ထုတ်ကုန်ဘဏ်မှဘဏ္ဍာရေးဆိုင်ရာထောက်ပံ့မှုများပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြန် ကြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

ဇွန် ၁၆ ရက်နံနက် ၁၁ နာရီခွဲတွင် KENSINGTON JEJU HOTEL ၌ ကျင်းပသည့် မြန်မာနိုင်ငံ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့်ကိုရီးယားနိုင်ငံ L&H Company တို့အကြား Korea Myanmar Industrial Complex Project နှင့်ပတ်သက်ပြီး နားလည်မှုသဝဏ်လွှာလက်မှတ်ရေးထိုး ပွဲကိုဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတက်ရောက်ခဲ့ကြောင်းသိရသည်။

ယင်းနားလည်မှုသဝဏ်လွှာစာချုပ်ကို မြို့ပြနှင့်အိမ်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် L&H Company CEO တို့လက်မှတ်ရေးထိုးကြသည်။

အဆိုပါစီမံကိန်းသည် ဧက ၅၇၀ ကျယ်ဝန်းပြီး ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင် ညောင်နှစ်ပင်တွင်တည်ရှိမည့်စက်မှုဇုန်စီမံကိန်းဖြစ်ပြီး နိုင်ငံတော်အနေဖြင့်အလုပ်အကိုင်အခွင့်အလမ်း ငါးသောင်းမှတစ်သိန်းအထိရှာဖွေပေးနိုင်မည့် စီမံကိန်းဖြစ်ကြောင်းသိရသည်။

imyanmarhouse

Infrastructure and Zones Read 45 times