လာမည့်နှစ်ဈေးကွက်တွင် မန္တလေးအရှေ့တောင်ခြမ်း ဦးဆောင်ဖွယ်ရှိ


02 November, 2020


မန္တလေးမြို့၏အရှေ့တောင်ဘက်ခြမ်းဧရိယာရှိအိမ်ခြံမြေများအလားအလာကောင်းများပိုရှိနေပြီးလာမည့်နှစ်တွင် အိမ်ခြံမြေဈေးကွက်ဖွံ့ဖြိုးမှုကိုဦးဆောင်သွားနိုင်ဖွယ်ရှိကြောင်းသိရသည်။

အလားအလာကောင်းသောမြို့၏အရှေ့တောင်ဘက်ဧရိယာဆိုသည်မှာသိပ္ပံလမ်းမှတောင်ဘက်ပြည်ကြီးတံခွန် ဧရိယာတွင်းအထိ၊အရှေ့နှင့်အနောက်၇၈လမ်းမှ၄၈လမ်းပိုင်းအပိုင်းအခြားအထိဖြစ်ကြောင်း၊ထိုဧရိယာအတွင်း အကောင်အထည်ဖော်ပြီးသောစီမံကိန်းများပေါ်ထွက်လာပြီးဆက်လက်ပေါ်ပေါက်လာမည့်အစီအစဉ်သစ်များ သည်အနာဂတ်အိမ်ခြံမြေဈေးကွက်အတွက်အထောက်အပံ့ကောင်းဖြစ်ကြောင်းသိရသည်။

အရှေ့နှင့်အနောက်သွယ်တန်းနေသောသိပ္ပံလမ်း၊အနော်ဟရီလမ်း၊သာယာဝတီမင်းကြီးလမ်း၊မင်းကြီးရန်နောင်လမ်းများသည်အားကောင်းသောနေပြီး၊တောင်မြောက်လမ်းများတွင်ဧရိယာအလယ်တွင်ရှိသောလမ်းများသည် ဖွံ့ဖြိုးမှုအားကောင်းလာကြောင်းသိရသည်။တောင်မြောက်လမ်းတွင်၆၂လမ်း၊၆၅လမ်း၊၆၆လမ်း၊၆၈လမ်း၊ ၇၄လမ်း၊၇၈လမ်းများသည်ပိုအားကောင်းလာရန်ရှိပြီးအိမ်ခြံမြေဈေးကွက်အသစ်အဖြစ်ဦးတည်နေကြောင်း သိရသည်။

ထိုဧရိယာအတွင်းအခြေကျပြီးဖြစ်သောမြို့သစ်ဧရိယာတွင်စာသင်ကျောင်းများ၊ဈေးများ၊ဆေးရုံများဖြင့် ပြည့်စုံနေပြီးမြို့ပြဆိုင်ရာအဆောက်အအုံများဖြစ်သောတန်ဖိုးနည်းအိမ်ရာများ၊ကွန်ဗင်းရှင်းစင်တာ၊ မင်္ဂလာမန္တလေးစီမံကိန်းများရှိနေကြောင်း၊မြို့အရှေ့ပိုင်းတွင်တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကြောင့် အရှေ့ပိုင်းဧရိယာသည်စည်ကားလာခြင်းဖြစ်ကြောင်းသိရသည်။မင်္ဂလာမန္တလေးစီမံကိန်းကြောင့်လည်း မြို့အနောက်ဘက်ခြမ်းသည်အိမ်ခြံမြေဈေးနှုန်းများပိုကောင်းလာကြောင်းလည်းသိရသည်။

ယခုတွင်မြို့တောင်ဘက်ခြမ်းပြည်ကြီးတံခွန်မြို့နယ်အတွင်းမန္တလေးစက်မှုထုတ်ကုန်ကုန်သွယ်ရေးစင်တာ စီမံကိန်းအတွင်းအိမ်ရာစီမံကိန်းအသစ်တစ်ခုအားစတင်အကောင်အထည်ဖော်နေသောကြောင့်မြို့အနောက် တောင်ဘက်ခြမ်းသည်အိမ်ခြံမြေဈေးကွက်တွင်စိတ်ဝင်စားသူများပိုရှိလာကြောင်းသိရသည်။

Kumudra

Real Estate & Properties Local Read 59 times