ရန်ကုန်မြို့တောင်ဘက်ခြမ်းတွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်


27 October, 2020

ရန်ကုန်မြို့တောင်ဘက်ခြမ်း နိုင်ငံတကာလေဆိပ်နှင့် ရေနက်ဆိပ်ကမ်းတို့ပါဝင်သည့် အထူးစီးပွားရေးဇုန်တစ်ခုတည်ဆောက်ရန်စီစဉ်နေကြောင်းသိရသည်။

ယင်းစီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် စတင်ဆောက်လုပ်သွားမည်ဟု သိရသည်။

ထိုစီးပွားရေးဇုန်အသစ်ကို ရန်ကုန်မြို့တောင်ဘက်ခြမ်းရှိ ဒလ၊ ကော့မှုးနှင့် ကွမ်းခြံကုန်းမြို့နယ်များတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတည်ရှိနေသောလေဆိပ်နှင့် ဟံသာဝတီလေဆိပ်တို့အပြင်နောက်ထပ် လေဆိပ်အသစ်တစ်ခုကို တည်ဆောက်ရန် ရန်ကုန်တောင်ဘက်ခြမ်းတွင် အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်းသိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွက် သီလဝါအထူးစီးပွားရေးဇုန်တစ်ခုသာရှိပြီး ၂၀၁၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကြောင်းသိရသည်။

ယင်းစီးပွားရေးဇုန်၏ ဇုန်အပိုင်း(က) မှာ လုံးဝပြီးစီးနေပြီဖြစ်၍ လုပ်ငန်းများလည်ပတ်နေပြီးဖြစ်ကြောင်းသိရသည်။

ဇုန်အပိုင်း(ခ) မှာ စတင်ဆောက်လုပ်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရသည်။

ရေနက်ဆိပ်ကမ်းကို ရန်ကုန်တောင်ဘက်ခြမ်း လက်ခုပ်ကုန်းတွင် တည်ဆောက်ရန်လျာထားပြီး ဒလမြို့မှ လက်ခုပ်ကုန်းသို့ ခြောက်လမ်းသွားလမ်းများဖောက်လုပ်သွားမည်ကိုလည်းသိရသည်။

ရန်ကုန်မြို့တောင်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးစီးပွားရေးဇုန်နှင့် လက်ခုပ်ကုန်းတွင် ရေနက်ဆိပ်ကမ်းရှိလာပါက ရန်ကုန်မြို့၏ ကုန်စည်ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးအတွက် အချက်အချာကျသည့် နေရာတစ်ခုဖြစ်လာရန် မျှော်မှန်းထားကြောင်းသိရသည်။

Source:Myanmar Times

Hospitality Read 83 times