Special power နှင့် General Power များပြန်လည်ပျက်ပြယ်သွားနိုင်မည့် အခြေအနေ(၇)မျိုး


14 November, 2020

ကျွန်ုပ်တို့သည်ကိုယ့်လက်ထဲတွင်ရထားသော Special Power,General Powerများကိုအလွန်ခိုင်မာသည်ဆိုပြီး ဝမ်းသာတတ်ကြပါသည်။

အိမ်ခြံမြေဝယ်ယူသူတိုင်း Special Power,General Powerများကို ကိုင်ပြီးကျေနပ်ကြပါသည်။Special Power,General Power များသည် အခြေအနေ(၇)မျိုးတွင်ပြန်လည်ပျက်ပြယ်သွားနိုင်ပါသည်။

ထိုအခြေအနေများမှာ-----------

SP,GP အားပြန်လည်ရုပ်သိမ်းသောအခါ

SP,GPကိုလွှဲပေးသူမှ အကြောင်းခိုင်လုံမှုရှိလျှင် မိမိသဘောအရပြန်လည်ရုပ်သိမ်းနိုင်ပါသည်။ထို့သို့ရုပ်သိမ်းသောအခါ SP,GPများသည်ပျက်ပြယ်သွားတတ်ကြောင်း သိရသည်။

လက်ခံသူမှ ငြင်းပယ်၍ပျက်ပြယ်ခြင်း

SP,GPတို့အား တစ်စုံတစ်ယောက်သောသူမှ ကိုယ်စားလှယ်လွှဲအပ်ပေးပေမဲ့ လက်ခံရမည့်သူမှ အကြောင်းတစ်စုံတစ်ရာပြပြီး လက်ခံခြင်းမရှိခဲ့လျှင် ထို SP,GP တို့သည် ပျက်ပြယ်သွားနိုင်ပါသည်။

ကိစ္စပြီးဆုံးလျှင်လည်း ပျက်ပြယ်ပါသည်

SP တစ်စောင်ကိုအကြောင်းအရာတစ်ခုဖြင့် လွှဲအပ်ပေးပါသည်။ဥပမာ-မြေပုံရာဇဝင်ထုတ်ယူရန်နှင့် ခြံစည်းရိုးခတ်ရန်.ထိုအကြောင်းအရာနှစ်ခုနှင့်

လွှဲအပ်ပေးထားသော SPတစ်စောင်သည် မြေပုံရာဇဝင်ထုတ်ယူရန်နှင့် ခြံစည်းရိုးနှင့်ပတ်သက်သော ကိစ္စအဝဝပြီးဆုံးပြီဆိုသည့်အချိန်တွင် ထို SPသည်ပြီးဆုံးခြင်း၊ပျက်ပြယ်ခြင်းသို့ရောက်ပါသည်။

လွှဲအပ်/လက်ခံသူတစ်ဦးဦးသေဆုံးခြင်း

SP,GPတို့အားလွှဲအပ်သူ(သို့)လွှဲအပ်ခြင်းလက်ခံသူတစ်ဦးဦးသေဆုံးသွားခဲ့လျှင် ထို SP,GP များသည် ပျက်ပြယ်ခြင်း၊ပြီးစီးခြင်းသို့ရောက်ကြောင်းသိရသည်။

ရူးသွပ်ကြခြင်း

အလားတူပင် SP,GP တို့ကိုလွှဲအပ်/လက်ခံသူတစ်ဦးဦးရူးသွပ်သွားခဲ့လျှင်လည်း ထို SP,GP တို့ုသည် ပျက်ပြယ်သည်(သို့)ပြီးဆုံးခြင်းသို့ရောက်ကြောင်းသိရသည်။

နှစ်ရှည်ထောင်ကျခြင်း

SP,GP တို့အားလွှဲအပ်သူ(သို့)လက်ခံသူတစ်ဦးဦး သည်နှစ်ရှည်အကျဉ်းထောင်ကျခြင်းခံခဲ့ရပါမူ ထိုSP,GP တို့သည် ပျက်ပြယ်ခြင်း(သို့)ပြီးဆုံးခြင်းသို့ရောက်ကြောင်း သိရသည်။

လူမွဲအဖြစ်ခံယူကြခြင်း

SP,GP တို့အားလွှဲအပ်သူ(သို့)လက်ခံသူတစ်ဦးဦးမှ လူမွဲအဖြစ်ခံယူလိုက်လျှင် ထို SP,GP တို့ပျက်ပြယ်ခြင်း(သို့)ပြီးဆုံးပြီဟုမှတ်ယူရမည်ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် SP,GPများသည် တရားလွန်ယုံစား၍မရပါ။အကျိုးဆောင်ကြီးများမှ ကိုယ်တိုင်ဝယ်သည်ဖြစ်စေ တစ်ဦးတစယောက်မှ ဝယ်သည်ဖြစ်စေ

SP,GPကို ထည့်သွင်းဆောင်ရွက်ပေးကြရပါသည်။သို့မဟုတ်စစ်ဆေး ပေးကြရပါသည်။ထိုသို့ဆောင်ရွက်/စစ်ဆေးပေးရာတွင် အကြောင်းတစ်ခုခု

တိုက်ဆိုင်နေလျှင် တစ်ဖက်ကတင်ပြတောင်းဆိုလာသော SP,GP သည်ခိုင်လုံမှုရှိ မရှိကိုတိတိကျကျဆုံးဖြတ်ပေးကြသည်ဖြစ်ကြောင်း သိရသည်။

Source:ShweProperty

Tips Read 76 times