အများပြည်သူပိုင်လမ်းပေါ်တွင် အဆောက်အအုံတစ်ခုမှ ကျူးကျော်ဆောက်လုပ်ခွင့် ရှိလား???


03 December, 2020

အများပြည်သူပိုင်လမ်းပေါ်တွင် အဆောက်အအုံတစ်ခုမှ ကျူးကျော်ဆောက်လုပ်ခွင့် ရှိလား???
ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်းရှိ အများပြည်သူပိုင်လမ်းပေါ်တွင် အဆောက်အအုံတစ်ခုမှ ကျူးကျော်ဆောက်လုပ်ထားပြီးသော လသာဆောင်၊စမုတ်ဆောင်၊ဆင်ဝင်၊နေကာ၊တံစက်မြိတ်၊လှေကားထစ်၊အုတ်ခုံ၊အုတ်မြစ်၊ဆင်ခြေလျှော၊မိလ္လာကန်၊ယာယီမဏ္ဍပ်များကို ကျူးကျော်ခွန်ကောက်ခံရယူပြီး ပါက စည်ပင်မှ ဆက်လက်တည်ရှိခွင့်၊တည်ဆောက်ခွင့်ပြုနိုင်ကြောင်းသိရသည်။

ကျူးကျော်အဆောက်အအုံတစ်ခုခုမှ ပြည်သူပိုင်လမ်းပေါ်သို့ကျော်လွန်ကာ တည်ဆောက်လိုသူသည် သတ်မှတ်ချက်များနှင့် အညီစည်ပင်သာယာရေးကော်မတီ သို့လျှောက်ထားရမည်။

ကျူးကျော်ခွန်ကောက်ခံရာတွင် လမ်းပေါ်သို့ကျူးကျော် ဆောက်လုပ်ထားသည့်ထုထည်၊အတိုင်းအတာ၊ဧရိယာပေါ်မူတည်ကာ တွက်ချက်ကောက်ခံရကြောင်းသိရသည်။

အဆောက်အအုံဆောက်လုပ်ရာတွင်သုံးစွဲသည့် ပစ္စည်းများ လမ်းဘေးတွင်စုပုံထားသည်ကိုမူ ယာဉ်သွားယာဉ်လာ ထိခိုက်မှုရှိမရှိ၊လမ်းသွားလမ်းလာထိခိုက်မှုရှိမရှိ၊ပလက်ဖောင်း၊ရေမြောင်း၊လမ်းအကျယ်ကို တွက်ချက်ကာ သတ်မှတ်အတိုင်းအတာများအရ ခွင့်ပြုနိုင်သည်။
ခွင့်ပြုကာလကိုပါ သတ်မှတ်ပြီး အများပြည်သူမြင်နိုင်အောင်ချိတ်ဆွဲထားရသည်။ခွင့်ပြုကာလ အတွင်းမပြီးဆုံးသေးပါက စည်းကမ်းသတ်မှတ်ကာ ကာလ တိုးမြှင့်ပေးနိုင်သည်။

အများပြည်သူပိုင်လမ်းပေါ်တွင် ဆောက်လုပ်ရေးပစ္စည်းများ စုပုံကျူးကျော်ခွင့်ကို ဧရိယာပေါ် အခြေခံကာ စည်းကြပ်ကောက်ခံနိုင်သည်။

စုပုံကျူးကျော်ထားသော အချိန်ကာလအပေါ်မူတည်ပြီးကျူးကျော်ခွန်ကို တိုးမြှင့်ကောက်ခံနိုင်ကြောင်းသိရသည်။

လိုအပ်လျှင် ကျူးကျော်ခွင့်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပြန်လည်ပယ်ဖျက်နိုင်ကြောင်းသိရသည်။

#Myanmar Builders Guide
 

Laws and Regulations Read 144 times