မြစ်ကြီးနားမြို့တွင်ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးလျက်ရှိ


27 October, 2020

ကချင်ပြည်နယ်တွင် အခြားမြို့နယ်များမှလာရောက်တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအတွက် မြို့ပြနှင့် အိမ်ရာဖွံံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းအိမ်ရာများဆောက်လုပ်ပေးလျက်ရှိကြောင်းသိရသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှမြစ်ကြီးနားမြို့ရှိသီတာရပ်ကွက်၊မလိခဝန်ထမ်းအိမ်ရာမှသက်တမ်းရင့်အဆောက်အအုံများအားဖျက်သိမ်းပြီးအထပ်မြင့်အဆောက်အအုံများဆောက်လုပ်နိုင်ရန်၂၀၁၆၂၀၁၇ဘဏ္ဍာနှစ်တွင်မလိခအိမ်ရာစခန်းရှိတိုက်ဟောင်းနှစ်လုံးဖြစ်သောသုဝဏ္ဏပုံစံနှစ်ထပ်တိုက်ခြောက်ခန်းတွဲ တိုက်အမှတ်(၄) နှင့် (၅) အားဖျက်သိမ်း၍ လေးခန်းတွဲငါးထပ်အဆောက်အအုံနှစ်လုံးဆောက်လုပ်ပေးခဲ့သည်။
ထို့ပြင်မလိခအိမ်ရာစခန်းရှိသက်တမ်းရင့်တိုက်ဟောင်း(၃) နှင့် (၆)နေရာရှိလေးခန်းတွဲငါးထပ် R.C ဝန်ထမ်းအိမ်ရာအဆောက်အအုံလေးလုံးကိုလည်း၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်တွင်အသစ်ထပ်မံဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှကချင်ပြည်နယ်၊မြစ်ကြီးနား၊မိုးညှင်း၊မိုးကောင်း၊ဗန်းမော်မြို့များရှိဝန်ထမ်းများအတွက်ဝန်ထမ်းအိမ်ရာများဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပြီးမြစ်ကြီးနားမြို့နယ်နှင့်ဗန်းမော်မြို့တို့တွင်စုစုပေါင်းတိုက်ခန်း ၁၂ လုံးနှင့်အခန်းပေါင်း ၁၇၆ ခန်းဆောက်လုပ်ပေးသွားမည်ဖြစ်သည်။
ထို့ပြင်မြစ်ကြီးနားမြို့တွင် အခြားမြို့များမှလာရောက်တာဝန်ထမ်းဆောင်သည့်ဝန်ထမ်း ၂၅၀၀ ခန့်ရှိရော ၎င်းတို့အတွက်လည်းအိမ်ရာများဆက်လက်ဆောက်လုပ်ပေးမည်ဖြစ်ကြောင်းသိရသည်။
ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စက်မှုလက်မှုဖွံံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၈ ခုနှစ်တွင် ပူတာအိုနှင့်ဝိုင်းမော်မြို့များအားစက်မှုဇုန်အဖြစ်သတ်မှတ်၍စက်မှုလက်မှုမြေကွက်များဖော်ထုတ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
Source:Myanmaralin

Public Housing Read 95 times