လစာနည်းဝန်ထမ်းများနှင့်ဆရာ၊ဆရာမများအတွက်ဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးမည်


02 November, 2020

 

လစာနည်းဝန်ထမ်းများနှင့်အခြေခံပညာကျောင်းများမှဆရာ၊ဆရာမများအတွက်ဦးစားပေးချထားပေးနိုင်ရန် မန္တ လေးတိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင်သာမန်ဘတ်ဂျက်ရန်ပုံငွေ ဖြင့်ဝန်ထမ်းအိမ်ရာ၂၉လုံး၊တိုက်ခန်းပေါင်း၄၇၆ခန်းကိုတည်ဆောက်ပေးမည်ဖြစ်ကြောင်းမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ယခုတည်ဆောက်မည့်ဝန်ထမ်းအိမ်ရာများကိုမန္တလေးခရိုင်အတွင်း၁၃လုံး၊ပြင်ဦးလွင်မြို့နယ်တွင်၆လုံး၊ကျောက်ဆည်မြို့နယ်တွင်၄လုံးနှင့်ရမည်းသင်း၊တောင်သာ၊ငါန်းဇွန်းမြို့နယ်တို့တွင်၂လုံးစီတည်ဆောက်သွားမည်ဖြစ် ကြောင်း၊တစ်ခန်းလျှင်စတုရန်းပေ၆၅၀ကျယ်ဝန်းမည်ဖြစ်ကြောင်းတိုင်းဒေသကြီးလျှပ်စစ်၊စွမ်းအင်နှင့်ဆောက် လုပ်ရေးဝန်ကြီး၏ပြောကြားချက်အရသိရသည်။

တိုင်းဒေသကြီးအတွင်းတွင်ဝန်ထမ်းဦးရေ၅၆၀၀၀ကျော်ရှိနေပြီးလူဦးရေ၁၀၀တွင်၄ဦးသာပေးနိုင်မည်ဖြစ် ကြောင်း၊လစာနည်းဝန်ထမ်းများနှင့်ကျောင်းဆရာများအားဦးစားပေးချထားမည်ဖြစ်ကြောင်း၊တစ်နှစ်လျှင်အခန်းပေါင်း၂၀၀၀ခန့်ဆောက်လုပ်ပေးနိုင်ရန်မြေနေရာနှင့်ငွေကြေးရရှိရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်တွင်တိုက်ခန်းပေါင်း၄၈၂ခန်းကိုတည်ဆောက်ပေးခဲ့ကြောင်းသိရသည်။

Democracy

Local Public Housing Read 76 times