Yoma Strategic Holdings ကုမ္ပဏီကအကောင်အထည်ဖော်တည်ဆောက်နေသော Star city ရှိ Glaxy Tower (4) တည်ဆောက်ပြီးစီးကြောင်းကြေညာခဲ့သည်။
ယင်း Star city တွင် တိုက်ခန်းပေါင်း ၁,၈ဝဝ ကျော်ကိုဝယ်ယူသူများအားအပ်နှံပြီးဖြစ်၍ အိမ်ရာများ၏ ၂ဝ ရာခိုင်နှုန်းတွင်နေထိုင်သူများရှိနေပြီးဖြစ်ေ ကြာင်းYoma Strategic ကုမ္ပဏီ၏အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ Cyrus က ပြောသည်။
မြေ ၁၇ ဧကပေါ်တွင်သန်လျင် Star city အိမ်ရာစီမံကိန်းဇုန်စီအတွက်အထပ် ၂ဝကျော်မြင့် အဆောက်အအုံ ခြောက်လုံးကို အကောင်အထည်ဖော်တည်ဆောက်မည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို ၂ဝ၁၅ခုနှစ် နှစ် ကုန်ပိုင်းမှစ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကာထိုအဆောက်အအုံများမှအထပ် ၂၈ထပ်မြင့်အဆောက်အအုံတာဝါ (၁) ၊ ၂၅ ထပ်မြင့်အဆောက်အအုံတာဝါ (၃)နှင့် (၄)များကို၂ဝ၁၈ ခုနှစ်အပြီးတည်ဆောက်မည်ဖြစ်သည်။
လက်ရှိတွင်ဆောက်လုပ်ပြီးစီးသောသန်လျင် Star city အိမ်ရာစီမံကိန်း၏ ဇုန်အေတွင် အထပ်မြင့်အဆောက်အအုံငါးလုံးနှင့် တိုက်ခန်းပေါင်း ၉၂၈ ခန်း ပါဝင်ပြီး ဇုန်ဘီတွင်အထပ်မြင့် အဆောက်အအုံငါးလုံးနှင့် အခန်းပေါင်း ၁,ဝ၄၃ ခန်း ပါဝင်သည်။
သန်လျင်မြို့၏ ပဲခူးမြစ်ကမ်းဘေးတွင်ရှိပြီး ၂ဝ၁ဝပြည့်နှစ်က မြေ ၄၆၅ ဧက ကျယ်ဝန်းသော မြေပေါ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် Star city အိမ်ရာစီမံကိန်းသည် စီမံကိန်းအားလုံး အကောင်အထည်ဖော်ပြီးပါကအ ခန်းပေါင်း ၉,ဝဝဝ ကျော် ထွက်ပေါ်လာမည် ဖြစ်သည်။
imyanmarhouse