သံမဏိသုံးစွဲမှု နှစ်စဉ် ၈ ရာခိုင်နှုန်းတိုးတက်လာ


02 September, 2019

မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်းက နှစ်စဉ် သံမဏိသုံးစွဲမှုမှာ ၈ ရာခိုင်နှုန်းတိုးတက်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

သံမဏိသုံးစွဲမှုအနေနှင့် ပြည်တွင်းမှာ ၂၀၁၇ နှစ်တွင် ၂ ဒသမ၁ သန်းခန့်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ၂ ဒသမ ၄ သန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

Infrastructure Industry လို့ခေါ်တဲ့ အခြေခံအဆောက်အအုံဆိုင်ရာ စက်မှုလုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ တိုင်းပြည်တည်ဆောက်ရေးနှင့် နိုင်ငံတစ်နိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သံမဏိကဏ္ဍသည် အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်းထုတ်ပြန်ချက်တွင် အသင်းဥက္ကဋ္ဌ ဦးစစ်တိုင်းအောင်က ပြောဆိုထားပါတယ်။

သံမဏိအားအလာကို လေ့လာဆန်းစစ်သုံးသပ်ရာတွင်၂၀၂၀ ခုနှစ်၌ တန်ချိန် ၃ သန်း၊ ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၅ သန်းအထိတိုးလာ မည်ဟုခန့်မှန်းထားပြီး လိုအပ်ချက်၏ ၉၀ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းနေခြင်းဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်း (Economy GrowthIndex) တိုင်းတာရာတွင် Steel Consump- tion ကလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်းသိရပါတယ်။

Local Read 56 times