Steel အထူးပြုစက်မှုဇုန် ဖော်ဆောင်မည်


28 October, 2020

တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် အခြေခံ အဆောက်အအုံ ပိုင်းဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် Steel အထူးပြုစက်မှုဇုန် ဖော်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။


ပြည်တွင်း အခြေခံ အဆောက်အအုံ လိုအပ်ချက်အတွက် အရေးပါသော ဆောက်လုပ်ရေးကဏ္ဍတွင ်ဘိလက်မြေ၊SteelStructure များလိုအပ်ချက် မြင့်မားနေသဖြင့် ဘိလပ်မြေစက်ရုံများနှင့် Steel အထူးပြု စက်မှုဇုန် တည်ဆောက်သွားမည် ဖြစ်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များအား Developer ဆောင်ရွက်ခွင့်ပြုသွားမည် ဖြစ်ကြောင်းသိရသည်။
သင့်လျော်သော ပြည်နယ်နှင့် တိုင်းဒသကြီးတွင် Steel Industry Zone ဖွင့်လှ်မည် ဖြစ်သောကြောင့် ယခုလုပ်ငန်းနှင့် ပတ်သက်သော လုပ်ငန်းရှင် များအားကြိုတင်စဉ်းစားစေချင်ပါသည်။
ယင်းပြည်တွင်းဆောက်လုပ်ရေး ကဏ္ဍဖွံ့ဖြိုးရေးအတွက် ဘိလပ်မြေစက်ရုံတည်ဆောက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်သို့ လျှောက်ထားရန် ပြည်ထောင်စုဝန်ကြီးမှ တိုက်တွန်းခဲ့သည်။
Source: Democracy today

Local Infrastructure and Zones Read 106 times