အထပ် ၂၀ ကျော် အဆောက်အအုံ လေးလုံး နှင့် ၁၉ ထပ် တည်ဆောက်ရန် ခွင့်ပြု


26 October, 2020

အထပ် ၂၀ ကျော် အဆောက်အအုံလေးလုံးနှင့် ၁၉ ထပ် အဆောက်အအုံတစ်လုံးကို ၂၀၁၆ ခုနှစ်အတွက် မူအားဖြင့်ဆောက်လုပ်ခွင့်ပေးလိုက်ကြောင်းရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကထုတ်ပြန်သည်။

ရန်ကုန်မြို့ ခုနစ်မိုင်ခွဲတွင် အောက်ခြေနှစ်ထပ်၊ အထပ်မြင့် ၂၅ ထပ် အဆောက်အအုံ၊ ဆုထူးပန်ရုပ်ရှင်ရုံဟောင်းနေရာတွင် အောက်ခြေတစ်ထပ်၊

၂၃ ထပ်အဆောက်အအုံ၊ သံသုမာလမ်းနှင့် ဝေဇယန္တာ လမ်းထောင့်တွင် အောက်ခြေနှစ်ထပ်အထပ်မြင့် ခြောက်ထပ် အဆောက်အုံ၊အလုံ မြို့နယ်၊ အလုံအပြည်ပြည်ဆိုင် ရာဆိပ်ကမ်း၊

ကမ်းနားလမ်းသစ် တွင် အောက်ခြေတစ်ထပ်၊ အထပ်အမြင့် ၂၅ ထပ်အဆောက် အအုံ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းမပေါ်တွင် အောက်ခြေတစ်ထပ်၊ အထပ်မြင့် ၁၅ ထပ်အဆောက် အအုံတို့ကိုယခုလအတွင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ အဆောက်အအုံများဆောက်လုပ်ခွင့်နှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် (၆) ဦးဌေးအောင်ကပြောသည်။

အစိုးရသစ် လက်ထက်မတိုင်မီခွင့်ပြုချက်ရရှိခဲ့သည့် အ ဆိုပါ အထပ်မြင့်အဆောက်အအုံတွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ အလုံမြို့နယ်၊ ကမ်းနားလမ်းသစ်ရှိ ၂၅ ထပ်အဆောက်အအုံတစ်လုံးပါဝင်သည်။

ရွှေသံလွင်ကုမ္ပဏီကလည်းသံသုမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိအဆောက်အအုံကိုဆောက်လုပ်ခွင့်ရရှိခဲ့ပြီးသရုပ် ဆောင် ဝါဝါ၀င်းရွှေက မြေပိုင်ရှင် အဖြစ် ဆုထူးပန်ရုပ်ရှင်ရုံဟောင်းမြေနေရာအထပ်မြင့်အဆောက် အအုံကိုဆောက်လုပ်ခွင့်ရရှိခြင်း ဖြစ်ကြောင်းထုတ်ပြန်ချက်အရသိရသည်။

ထို့အပြင် ၂၀၁၅ ဒီဇင်ဘာ ၁ ရက်မှ ၂၀၁၅ ဖေဖော်ဝါရီ ၂၄ ရက်အထိရန်ကုန်မြို့တွင်ကိုးထပ် မှ ၁၂ ထပ်ခွဲအထိအထပ်မြင့်အ ဆောက်အအုံထပ်တိုး ၁၀ လုံးခွင့်ပြုပေးခဲ့သည်ဟုရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီကမတ်လ ၁ ရက်တွင် ထုတ် ပြန်ကြေညာသည်။

Laws and Regulations Read 107 times