ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် Zip Line တည်ဆောက်ရန်အတွက်တင်ပြထား


04 December, 2020

ရန်ကုန်မြို့၏ အထင်ကရ အပန်းဖြေနေရာတစ်ခုဖြစ်သော ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် Htoo Co.,Ltd ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် Zip Line တည်ဆောက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့လာရောက်တင်ပြထားကြောင်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးမှ ပြောကြားကြောင်းသိရသည်။

ယင်းZip Line တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ပြီးခဲ့သော ဇွန် ၂၈ က ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသည့် Htoo Co.,Ltd ဘက်မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် လာရောက်တွေ့ဆုံတင်ပြခဲ့ကြကြောင်း

နှင့် လက်ရှိတွင် မိမိတို့ဘက်မှ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ မပေးရသေးကြောင်း ယင်းကဆိုသည်။

ဝန်ကြီးချုပ်ဘက်မှ မှတ်ချက်ပြုတာတော့ ရှိတယ်။ဒါပေမဲ့ ခွင့်ပြုမည် မပြုမည်ဆိုတာကိုတော့ မပြောရသေး။၎င်းတို့အနေနှင့် EIA/SIA Report လုပ်ရမည့်ကိစ္စများ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှု၏ ခွင့်ပြုမိန့်များ အခြားခြားသော အရာများ လိုလိမ့်မည်ဖြစ်သည်။

လောလောဆယ် မြေသားစစ်ဆေးမှု လုပ်ထားသည့်အခြေအနေများကို လုပ်ပြီးကြောင်းလည်း သိရသည်။

စင်ကာပူနိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်လုပ်မည်ဟုလည်း သိရသည်။

ယင်း Zip Line တည်ဆောက်ရေးအတွက် စင်ကာပူအခြေစိုက် ကုမ္ပဏီတစ်ခု၏ နည်းပညာ၊အကြံဉာဏ် တို့အား ရယူဆောင်ရွက်သွားမည်ဖြစ်ကာ နိုင်ငံတကာအဆင့်မီတည်ဆောက်သွားမည်ဖြစ်ကြောင်း

နှင့် Zip Line တာဝါတိုင်များကို ၁၅၈ ဒသမ ၄၄ မီတာအကွာအဝေးရှိမည်ဖြစ်ကာ တာဝါတိုင်အမြင့်ကို ၂၂ ဒသမ ၂ ပေခန့်ထားရှိသွားမည်ဟု သိရသည်။

Local Read 38 times