၂၀၁၇ခုနှစ်၊ဇွန်လ၁၆ရက်နေ့တွင်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ သောမီးသတ်ဦးစီးဌာန နှင့်မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းမှတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြရာတွင် အောက်ပါအချက်များ ရလဒ်ပေါ်ထွက်ခဲ့ကြောင်း သိရသည်။
တိုက်သစ်ဆောက်လုပ်ရာတွင် လိုအပ်သော အကြံပြုချက်နှင့် ထောက်ခံချက်များ တစ်နေရာတည်းတွင် လက်ခံဆောင်ရွက်ပေးသွားမည်။
သာမန်ကန်ထရိုက်တိုက်များအား (၈)ထပ်ခွဲအထိ Presentationဆောင်ရွက်ရန် မလိုအပ်ပါ။
သာမန်ကန်ထရိုက်မဟုတ်ဘဲ ဆေးရုံ၊ ဟိုတယ်၊ သင်တန်းကျောင်း၊ ရုံးအဆောက်အဦ စသည့် အဆောက်အဦးများ အတွက်မှာမူ Presentationပြုလုပ်ရန် လိုအပ်မည်။
မီးသတ်အတွက် အဆိုပြုပုံစံ အပြည့်အစုံတင်ပြလာပါက အပြည့်အစုံလက်ခံရရှိကြောင်း လက်ခံပြေစာထုတ်ပေး မည်။
ပုံစံပြင်ဆင်မှုမရှိပါက စတင်တင်ပြသည့်နေ့မှ(၁၄)ရက်အတွင်း အကြံပြုချက်ထုတ်ပေးမည်။
မီးသတ်ဦးစီးဌာနမှကောက်ခံသည့် တစ်စတုရန်းမီတာပတ်လည် ကောက်ခံသည့်နှုန်းထား များနေသည့်အတွက် လျော့ပေါ့နိုင်ရန်အတွက် အထက်ဌာနအဆင့်ဆင့်သို့ တင်ပြပြီးမှသာ အကြောင်းပြန်ကြားမည်။
တိုက်သစ်ပြီးစီးလျှင် BCCအတွက် ထောက်ခံချက်ရယူရာတွင် သတ်မှတ်ထားသည့်အချက်အလက်များပြည့်စုံပါက(၂)ပတ်အတွင်းပြန်လည်စိစစ်ပြီးပေးမည်။
ဘေးပြတင်းပေါက်များ မပါရှိဘဲ (နံရံအပြည့် Compartment)ဖြစ်လျှင် မီးသတ်ရှုထောင့်ဖြင့် အဆောက်အဦအား မြေအပြည့်တည်ဆောက်နိုင်သည်ဟု သိရသည်။