မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ မြို့တော်နယ်နိမိတ်အတွင်း နှစ်စဉ်ကောက်ခံရရှိသည့် အရပ်ရပ် အခွန်ငွေ စုစုပေါင်း၏ ငါးရာခိုင်နှုန်းဖြင့် ညီမျှသော ငွေအား ပစ္စည်းခွန်အဖြစ် ရန်ကုန်မြို့တော ် စည်ပင်သာယာရေး ဥပဒေတွင် ဖော်ပြထားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သည် နိုင်ငံပိုင်အဆောက်အအုံ နှင့် မြေများပေါ်တွင် ပစ္စည်းခွန်ကို တိုင်းဒေသကြီး၏ အခွန်အခ ဥပဒေ နှင့်အညီ ကြီးကြပ်ကောက်ခံရမည်ဖြစ်ကြောင်း၊
ကော်မတီသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ မြို့တော်နယ်နိမိတ်အတွင်း နှစ်စဉ်ရရှိသည့် အရပ်ရပ် အခွန်ငွေ စုစုပေါင်း၏ ငါးရာခိုင်နှုန်း နှင့် ညီမျှသော ငွေကို
ပစ္စည်းခွန်အဖြစ်ကြီးကြပ်ကောက်ခံရမည်ဖြစ်ကြောင်း ဥပဒေတွင် ပါရှိသည်။
ထို့ပြင် ကော်မတီသည်မြို့တော်နယ်နိမိတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အခွန်အခ ဥပဒေ နှင့်အညီ ပစ္စည်းခွန်၊မြေခွန်၊မြေခ များနှင့် ပိုင်ဆိုင်ခွန်များ၊ရေခွန်၊ရေဖိုး၊ရေခ၊မိလ္လာခွန်၊
မိလ္လာခ၊အမှိုက်နှင့် အညစ်အကြေးခွန်၊အများသုံးအိမ်သာခွန်နှင့် အထွေထွေအခွန်များ၊ယာဉ်များနှင့် သက်ဆိုင်သော ဘီးခွန်၊ညအိပ်ခွန်၊လမ်းအသုံးပြုခနှင့်
ယာဉ်ရပ်နားခများ၊ပုဂ္ဂလိကပိုင်ဈေးများ၊ဆိုင်ခန်းများ၊ရုပ်ရှင်ရုံများ၊ကပွဲရုံများ၊အပန်းဖြေရိပ်သာများ၊အရောင်းပြခန်းများ၊ကျန်းမာရေးစင်တာများ၊သင်တန်းကျောင်းမာျး၊မင်္ဂလာခန်းမများ၊ရပ်နားခများရယူထားသော
ယာဉ်ရပ်နားအဆောက်အအုံများ၊ပုဂ္ဂလိကပိုင်အားကစားကွင်းများ၊စက်ရုံအလုပ်ရုံများ၊စက်မှုလုပ်ငန်းများ၊ကုန်တိုက်များ၊ဂိုဒေါင်များ၊ဆိပ်ကမ်းမာျး၊ဆိပ်ကမ်းသင်္ဘောကျင်းများ၊ကုမ္ပဏီမာျး၊ပုဂ္ဂလိက
ဆေးရုံ၊ဆေးခန်းများ၊ဂေါက်ကွင်းများ၊ကိုယ်ပိုင်ကျောင်းများ၊ဘော်ဒါဆောင်များ၊တည်းခိုခန်းများ၊အပေါင်ဆိုင်များ၊စက်သုံးဆီအရောင်းဆိုင်များ၊ဆီသိုလှောင်ရုံများ၊သိုလှောင်ကန်များ၊ပုဂ္ဂလိကဘဏ်များ၊
ပွဲရုံများ၊စက်မှုဇုန်ရှိအဆောက်အအုံများ၊အခန်းများ၊စီးပွားရေးလုပ်ကိုင်သောမြေများ၊မြေနှင့်အဆောက်အအုံများ အစရှိသည်တို့ကို ကောက်ခံရမည်ဖြစ်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။
မြို့တော် နယ်နိမိတ်အတွင်း အဆောက်အအုံနှင့် မြေများပေါ်တွင် ပစ္စည်းခွန်ကြီးကြပ် ခြင်းမပြုခံရသည့် ကိစ္စရပ်များသည် ဘာသာရေးအတွက်ဖြစ်သော အဆောက်အအုံများ၊မြေကွက်များ၊ယင်းတို့နှင့်ဆက်နွယ်နေသည့်
အစိတ်အပိုင်းများ၊ကော်မတီပိုင်အဆောက်အအုံများ၊မြေများ၊သင်္ချ ိုင်းမြေများ၊အစိုးရအဖွဲ့မှ ကင်းလွတ်ခွင့်ပြုရန် သတ်မှတ်ထားသည့် အစိုးရ ဆေးရုံ၊ပရဟိတ ရိပ်သာ စသည်တို့ဖြစ်ကြောင်းသိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ အား ဇွန် ၂၅ နှင့် ဇွန် ၂၇ ရက်ကရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဥပဒေပါ အခန်း၊အပိုဒ်ခွဲ၊အပိုဒ်ခွဲငယ်များ၊ပယ်ဖျက်ခြင်း၊ပြင်ဆင်ခြင်း၊
အသစ်ဖြည့်စွက်ခြင်းများကို ဆွေးနွေးပြီး အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဇွန် ၂၈ ရက် တွင်အတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။