မှတ်ပုံတင်ထားသော အင်ဂျင်နီယာ၊ဗိသုကာ ပညာရှင်များဖြင့်သာ အဆောက်အအုံများကို ကြီးကြပ်ဆောက်လုပ်ခွင့်ပြုမည


21 November, 2020

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ဆောက်လုပ်သည့် အဆောက်အအုံများကို ကြီးကြပ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ

အင်ဂျင်နီယာ လိုင်စင်များအား စိစစ်၍ ထုတ်ပေးခဲ့ရာ အဆိုပါလိုင်စင်များသည် ၂ဝ၁၈ ခုနှစ် မတ် ၃၁ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဧပြီ ၁ရက်မှ စ၍

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ မြန်မာနိုင်ငံ ဗိသုကာကောင်စီများတွင် မှတ်ပုံတင်ထားသော အင်ဂျင်နီယာ၊ဗိသုကာ ပညာရှင်များဖြင့်သာ ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်အတွင်းရှိ

အဆောက်အအုံများကို ကြီးကြပ်ဆောက်လုပ်ခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း အဆောက်အအုံများ ကြီးကြပ်ဆောက်လုပ်ခွင့် ရရှိသည့် အင်ဂျင်နီယာ၊ဗိသုကာ ပညာရှင်များအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင်

မှတ်ပုံတင်ကြေး ထပ်မံပေးဆောင်ရန်မလိုကြောင်းနှင့် ကြီးကြပ်ဆောက်လုပ်ခွင့်ရှိသည့် အဆောက်အအုံအမျိုးအစား အဆောက်အအုံ အမြင့်တို့ကိုလည်း သက်ဆိုင်ရာကောင်စီများ၏ သတ်မှတ်ချက်အတိုင်းသာ ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်အဆောက်အအုံများ ကြီးကြပ် ဆောက်လုပ်ခွင့်ရရှိသည့် အင်ဂျင်နီယာ၊ဗိသုကာ ပညာရှင်များသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ

ဆောင်ရွက်ရမည်ဖြစ်ပြီး လိုင်စင်ရယူထားသည့် အင်ဂျင်နီယာများအနေဖြင့် သက်ဆိုင်ရာကောင်စီ များနှင့် လိုအပ်သလို ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

Laws and Regulations Read 166 times