ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ဆောက်လုပ်နေသည့်အဆောက်အအုံများကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊မြန်မာနိုင်ငံ ဗိသုကာကောင်စီများတွင်
မှတ်ပုံတင်ထားသော အင်ဂျင်နီယာ၊ဗိသုကာများဖြင့်သာ ကြီးကြပ်ဆောက်လုပ်ခွင့်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၏သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ဆောက်လုပ်သည့် အဆောက်အအုံများကို ကြီးကြပ်ကွက်ကဲဆောက်လုပ်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ
အင်ဂျင်နီယာလိုင်စင်များစိစစ်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ယင်းထုတ်ပေးထားသည့်လိုင်စင်များသည် ၂ဝ၁၈ခုနှစ်၊မတ် ၃၁ ရက်က သက်တမ်းကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ထိုကြောင့် ၂ဝ၁၈ ခုနှစ် ဧပြီ ၁ရက်မှ စတင်ကာ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် ဗိသုကာများနှင့် သာ
ရန်ကုန်မြို့တော်နယ်နိမိတ်အတွင်း ကြီးကြပ်ဆောက်လုပ်ခွင့်ပြုပေးသွားမည်ဖြစ်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းတွင်အဆောက်အအုံများကို ကြီးကြပ်ဆောက်လုပ်ခွင့်ရရှိထားကြသည့် အင်ဂျင်နီယာများ၊ဗိသုကာများအနေဖြင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင်
မှတ်ပုံတင်ကြေး ထပ်မံပေးဆောင်ရန် မလိုအပ်ဟု သိရသည်။
ထို့အပြင်ယင်းအင်ဂျင်နီယာများ၊ဗိသုကာများအနေနှင့် မိမိတို့ကြီးကြပ်ဆောက်လုပ်ခွင့် ရရှိထားသည့် အဆောက်အအုံအမျိုးအစားနှင့် အဆောက်အအုံ၏အမြင့်ကို သက်ဆိုင်ရာကောင်စီများ၏ သတ်မှတ်ချက်များအတိုင်းသာ
ဆောင်ရွက်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အသိပေးသတင်းထုတ်ပြန်ပေးခဲ့ကြောင်းသိရသည်။
ထို့အပြင် ယင်း ၂ဝ၁၈ ခုနှစ် ဧပြီ ၁ရက်မှ စ၍ မှတ်ပုံတင်ဆောင်ရွက်နေသည့် အင်ဂျင်နီယာ နှင့် ဗိသုကာများအနေနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ
ဆောင်ရွက်ကြရမည်ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် မှတ်ပုံတင်ကာ လိုင်စင်ရယူဆောင်ရွက်နေကြသည့် အင်ဂျင်နီယာ၊ဗိသုကာများ အနေနှင့်လည်း သက်ဆိုင်ရာကောင်စီများနှင့်လိုအပ်သလိုဆက်သွယ်ဆောင်ရွက်ကြရန်အတွက်လည်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိကြောင်းသိရသည်။