ကြိုးတံတားများ၏ ကြံ့ခိုင်မှုစစ်ဆေးပြီးနောက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြိုးတံတားခြောက်စင်းအား ယာဉ်များ ဖြတ်သန်းသွားလာရန် ခံနိုင်ဝန် တန်ချိန်များ လျှော့ချသတ်မှတ်ခဲ့သည်။
ကြိုးတံတားများ ခံနိုင်ဝန်တန်ချိန်များ လျှော့ချရာတွင် လပ္ပတ္တာပင်လယ်လေးတံတားအား သတ်မှတ်ခံနိုင်ဝန်တန်ချိန် ၂ဝ မှ တန် ၁၄တန်၊ရွှေလောင်းတံတားအား သတ်မှတ်ခံနိုင်ဝန်တန်ချိန် ၂ဝ မှ ၁ဝတန်၊ ဝါးခယ်မ တံတားအား သတ်မှတ်ခံနိုင်ဝန် တန်ချိန် ၂ဝ မှ ၁၈တန်၊မြင်းကဆိပ်(ပမ္မဝတီတံတား)အား သတ်မှတ်ခံနိုင်ဝန်တန်ချိန် ၂ဝ မှ ၁၆တန်၊ကျွန်းကုန်းတံတား အား သတ်မှတ်ခံနိုင်ဝန် တန်ချိန် ၂ဝ မှ ၁၃တန် နှင့် ပုသိမ်တံတားအား သတ်မှတ်ခံနိုင်ဝန် တန်ချိန် ၃၆ မှ တန် ၂ဝ ထိ လျှော့ချခဲ့ခြင်းဖြစ်သည်။
#Myanmar Builders Guide