စွယ်တော်စီးတီးအိမ်ရာ သည် ရန်ကုန် မြို့တော်၏မြောက်ဖက် အဓိကဝင်ပေါက် အမှတ်(၃) လမ်းမကြီး အနီး မင်္ဂလာဒုံဥယျာဉ်မြို့တော်ရှိ မြေဧက (၃၀) ပေါ်မှာ တည်ဆောက်နေသည့် စီမံကိန်းဖြစ်ပါသည်။
စီမံကိန်း Developer မှာ ဂမုန်းပွင့် ကုန်တိုက်ပိုင်ရှင် Grand Style ဖြစ်ပြီး တိုက်ခန်းပိုင်ရှင်များအနေနဲ့ အချိုးကျ မြေပိုင်ဆိုင်မှု ခိုင်မာစွာရမယ့် စုပေါင်းအိမ်ရာစီမံကိန်း ဟုသိရှိရပါသည်။
ထိုင်းနိုင်ငံ G4 Architect မှ ဗိသုကာဒီဇိုင်းရေးဆွဲပြီး၊ Pile Foundation ၊ ခေတ်မီ Post-Tensioned စနစ်နဲ့ 10” Concrete Slab ၊ ငလျင်ဒဏ်ခံနိုင်တဲ့ Shear Wall များထည့်သွင်းဆောက်လုပ်ထားပါမယ်။
ပါဝင်သည့် company များအကျဉ်း
Company | Country | Role |
Grand Style | Myanmar | Developer |
G4 Architect | Thailand | Architect |
Art Royal | Myanmar | Interior and painting work |
ပါဝင်သည့်အဆောက်အအုံများ နှင့် ဆောက်လုပ်ရေးအချိန်ကာလ
စီမံကိန်းတွင် ၈ ထပ်အဆောက်အအုံ ၈ လုံးပါဝင်မည်ဖြစ်ပြီး အပိုင်း ၄ ပိုင်းပိုင်း၍ ၂၀၁၉ တွင် အပြီးတည်ဆောက်မည်ဟု သိရှိရပါသည်။
တစ်ပိုင်းတွင် အဆောက်အအုံ ၂ လုံး ပါဝင်ကာစုစုပေါင်း တိုက်ခန်း ၃၈၀ ခန့် ပါဝင်မည်ဟု သိရှိရသည်။ ဆောက်လုပ်ရေးကာလ အနေဖြင့် အပိုင်းတစ်ပိုင်းကို တစ်နှစ်လောက် အချိန်ယူတည်ဆောက်မည်ဟု သိရှိရပါသည်။
လက်ရှိ တွင် Phase 1 အဖြစ် Building A နှင့် Building B နှစ်လုံးကို စတင် တည်ဆောက်နေသည့် အဆောက်အဦးအတွင်းတွင် ရေကူးကန်၊gym နှင့် ဈေးဝယ်စတိုးများ ပါရှိမည်ဖြစ်ကြောင်း သိရှိရပါ သည်။
တိုက် A နဲ့ တိုက် B နှစ်လုံးမှာ အခန်းစုစုပေါင်း ၃၈၀ ရှိပါတယ်။ ဒီအခန်းတွေကို ၂၀၁၆ ၈ လပိုင်းနဲ့ ၁၂ လပိုင်းတွေမှာ အခန်းအပ်မယ် ဆိုပါတယ်။
အတွင်း အပြင် ဆေးသုတ်လုပ်ငန်း ၊ကြွေပြား ကပ်ခြင်း လုပ်ငန်း ၊ရေ / မီး လုပ်ငန်းများ ၊လှေကား နှင့် လက်ရန်း လုပ်ငန်းများ ၊ ဆက်လက် ဆောင်ရွက်နေပြီး ရေကန် အတွင်း waterproof membrane ခင်း ခြင်း လုပ်ငန်း ကိုလည်း ထိုင်း နိုင်ငံမှ မှာယူ တင်သွင်းပြီး ထိုင်း နိုင်ငံ မှ အင်ဂျင်နီယာ များ ဖြင့် ၂၀၁၆ ဖေဖေါ်ဝါရီလ အတွင်းက ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရှိရပါတယ်။
Supplier များ
Company | Items | Brands | Quantity |
TOA Paint (Myanmar) | Paint | TOA | Building A and B |
Jardine Schindler | Lifts | Schindler | Four lifts per building |
Grand Style | floor tile, mosaic, lighting and sanitary ware | For sales gallery | |
- | Cement | Lafarge | - |
အဆောက်အဦ အတွင်း အပြင် ဆေးသုတ်လုပ်ငန်း ၊ကြွေပြားကပ်ခြင်းလုပ်ငန်း ၊ အလူမီနီယံ ပြူတင်းတံခါး တပ်ဆင် ခြင်းလုပ်ငန်း ၊ လျှပ်စစ် နှင့် ရေသန့် လုပ်ငန်းများ ၊ လမ်း နှင့် ကားပါကင် မြေသား ပြန်လည် ပြုပြင်ခြင်း လုပ်ငန်းများ ၊ရေကန် ပတ်လည် မြေသား လုပ်ငန်း နှင့် Landscaping လုပ်ငန်းများ ၂၀၁၆ မတ်လ ပထမပါတ် က ဆက်လက် ဆောင်ရွက် လျက် ရှိပါကြောင်း အသိပေး တင် ပြအပ်ပါသည်။
အတွင်းပိုင်းအချောသတ်လုပ်ငန်းများကို ၂၀၁၆ ဇွန်လ မှာ စဝင်ပြီး ၂၀၁၆ နှစ်ကုန် မှာ ပြီးမယ်လို့ ခန့်မှန်းထားပါတယ်။
ဒီဇိုင်းနှင့်နည်းစနစ်များ
အဆောက်အအုံတိုင်းမှာ ၂,၅၀၀ စတုရန်းပေ ခန့်ကျယ်ဝန်းတဲ့ Lobby ပါရှိပါမယ်။ လူ ၁၃ ယောက်ဆန့် Schindler ကမျိုးအစား ဓာတ်လှေ ကား (၄) စီး၊ လုံခြုံရေးစနစ်၊ CCTV ၊ မီးဘေးကာကွယ်ရေးနဲ့ မီးလှန့်အချက်ပေးစနစ်၊ အရေးပေါ် မီးအားပေးစက်စနစ်၊ များလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။ အိမ်ရာစီမံကိန်းဝင်း တစ်ခုလုံးအတွက် မြေအောက်ကြိုး စနစ်ကိုသာ အသုံး ပြုထားပါတယ်။
အခန်းအမျိုးအစားအနေဖြင့်လည်း 2 Bed Room, 3 Bed Room နှစ်မျိုးပါ ရှိကြောင်း သိရှိရပါသည်။ 2 Bed Room တွင် 900 sqft နှင့် 1000 sqft နှစ်မျိုးရှိပြီး 3 Bed Room တွင် 1200 sqft နှင့် 1260 sqft ရှိကြောင်း သိရှိရပါ တယ်။
Car Parking အနေဖြင့်လည်း အခန်းတစ်ခန်းကို ကားတစ်စီးစာ ထားရှိနိုင် ရန် စီစဉ်ပေးထားကြောင်း သိရှိရပါသည်။
ရေကူးကန်များ၊ စားသောက်ဆိုင်များ၊ Fitness Centre , SPA , Steam,Sauna, Jacuzzi, Convenience Store, ကလေးကစားကွင်း နဲ့ လူ (၃၀၀) ခန့် စုဝေးနိုင်တဲ့ မြက်ခင်းပြင်ကျယ်/ခန်းမကျယ် များပါဝင်တဲ့ Clubhouse တစ်ခု ပါရှိ ပါမယ်။ အပြေးလေ့ကျင့်ခန်း၊ လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်နိုင်တဲ့ (၃) ဧကခန့်ကျယ်ဝန်းတဲ့ သဘာဝရေကန် တစ်ကန် လည်း ပါရှိ ပါမယ်။
ထူးခြားချက် အနေဖြင့်သဘာဝအတိုင်းတည်ရှိ နေသော ရေကန်ကြီးကိုလည်းအလှပြုပြင်ကာ နေထိုင်သူများစိတ်ချမ်းသာမှု ရှိစေရန် ဖန်တီးပေးသွား မည် ဖြစ် ကြောင်း သိရှိရပါတယ်။ ထူးခြားချက် အနေဖြင့်သဘာဝအတိုင်းတည်ရှိ နေသော ရေကန်ကြီးကိုလည်းအလှပြုပြင်ကာ နေထိုင်သူများစိတ်ချမ်းသာမှု ရှိစေရန် ဖန်တီးပေးသွား မည် ဖြစ် ကြောင်း သိရှိရပါတယ်။
Pricing and Sales Model
လက်ရှိတွင် ဆောက်မည့်တိုက် ၈လုံးအနက် အရောင်းအား Building A နှင့် Building B ရှိ စုစုပေါင်း အခန်း ၃၈၀ ကိုသာ အရောင်းဖွင့်ထားပြီး ကျန်သည့် တိုက်များကို လာမည့်လများတွင် ဆက်လက်အရောင်းဖွင့်သွားမည်ဟုဆိုသည်။
စွယ်တော်စီးတီး၏ လက်ရှိ Building A နှင့် Building Bမှ အခန်းများကို ၁ စတုရန်းပေလျှင် ကျပ် ၇၅,၀၀၀ မှ ၁၂၅၀၀၀၀ အထိ ရောင်းချလျှက်ရှိပြီး ငွေပေးချေမှုကိုလည်း ၄ရစ်ခွဲကာ တစ်နှစ်အတွင်း ပေးချေရမည်ဖြစ်ကြောင်း သိရှိရပါတယ်။
စွယ်တော်စီးတီး အိမ်ရာကိုစိတ်ဝင်စားသူများအနေဖြင့် မင်္ဂလာဒုံ ဥယျာဉ် မြို့တော် စွယ်တော်စီးတီး အိမ်ရာ ဆောက်လုပ်ရေးဝင်းအတွင်းရှိ Sales office တွင်လည်းကောင်း ၊ဂမုန်းပွင့်( မြေနီကုန်း) ရှိ ရုံးခန်းတွင် လည်းကောင်း လာရောက်လေ့လာဝယ်ယူနိုင်ပါတယ်။
စုံစမ်းရန် တယ်လီဖုန်းနံပါတ်များကတော့ ၀၉ ၇၉၇၃၃၂၂၁၁၊ ၀၉ ၇၉၇၂၂၁၁၃၃ တို့ဖြစ်ပါတယ်။