ရှမ်းပြည်နယ် တောင်ကြီးမြို့၏လေးမိုင်အကွာမှာရှိသောပထမဆုံးအဆင့်မြင့်အိမ်ရာစီမံကိန်းကိုTaunggyi Business Center ဇုန် A တွင်ရှိသည့် နှစ်ထပ်shop house ၊ သုံးထပ်shop house ကိုမတ်လ ၃၁ ရက်နေ့ တောင်ကြီးမြို့မှာစတင်ရောင်းချသွားမည်ဟုသိရသည်။
Taunggyi Business Center သည်မြေဧကအကျယ် ၄၅ ဧကလောက်ရှိပြီးဇုန် A,B,C,D,E ဆိုပြီးခွဲခြားထားပါသည်။
အခုလက်ရှိဇုန် Aတွင် နှစ်ထပ်shop house ၊ သုံးထပ်shop houseစုစုပေါင်းအခန်း ၃၂၄ခန်းကို စတင်ရောင်းချမည်ဖြစ်ကြောင်းသိရသည်။
အခန်းအကျယ်အဝန်းမှာ ၇၀၀ စတုရန်းပေရှိပြီးအခန်းတစ်ခန်းကိုကျပ်သိန်း ၅၀၀ ခန့်နဲ့ ရောင်းချမယ်လို့ သတ်မှတ်ထားကြောင်းသိရသည်။
ဇုန် B မှာအခုချိန်တွင်ဆောက်လုပ်နေဆဲဖြစ်ပြီးစူပါမားကတ်၊ ကမ္ဘောဇဘဏ်၊ မီနီကွန်ဒို၊ ဓာတ်ဆီဆိုင်များပါရှိမည်ဖြစ်သည်။
ထို့ပြင်ရုပ်ရှင်ရုံများအစရှိသောအထင်ကရဖြစ်စရာများွကိုလည်းဆောက်လုပ်သွားမှာ ဖြစ်ပြီးပန်းခြံ၊ Event Squareများကိုလည်းစီမံကိန်း၏၄၀ရာခိုင်နှုန်းထည့်သွင်းထားသည်ဟုသိရသည်။
ဝယ်ယူသူများအနေဖြင့်လည်းပထမအရစ်အနေနဲ့ ၃၀ ရာခိုင်နှုန်းစသွင်းနိုင်ပြီးကျန်၇၀ ရာခိုင်နှုန်းကိုကမ္ဘောဇဘဏ်နဲ့ ချိတ်ဆက်ပြီးပေးသွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။
ငွေပေးချေမှုကို ၄၀ ရာခိုင်နှုန်းပေးပြီးသည်နှင့့် ချက်ချင်းနေထိုင်နိုင်မည်ဖြစ်ကြောင်းသိရသည်။
ယင်းစီမံကိန်းကိုအကောင်အထည်ဖော်ရန် ၂၀၁၄ ခုနှစ် သြဂုတ်လတွင်ယခုတောင်ကြီးစီးပွားရေးစင်တာနေရာကိုဒေသဖွံ့ဖြိုးရေးအတွက် Commercial Hub တည်ဆောက်ရန်ရှမ်းပြည်နယ်အစိုးရမှ တင်ဒါခေါ်ယူခဲ့ကြောင်းသိရသည်။
ထိုစီမံကိန်းအတွက်ကုမ္ပဏီအသီးသီးမှဝင်ရောက်ယှဉ်ပြိုင်ကြပြီးဝမင်းကုမ္ပဏီနဲ့ ဖြူဝင်ကုမ္ပဏီမှ တင်ဒါအောင်ပြီးအခုTaunggyi Business Center ကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလမှာစတင်အကောင်အထည် ဖော်ခဲ့ကြောင်းသိရသည်။
ယခုTaunggyi Business Center ဆောက်သည့်နေရာတွင် ယခင်ကသစ်ပင်မပေါ်သည့့် ဖြုန်းကျောက်တောင်၊ အမှိုက်ပုံဟောင်းနေရာတစ်ခုဖြစ်ကြောင်းသိရသည်။
ဒီဇိုင်းမှာသြစတြေးလျားနိုင်ငံတွင်အခြေပြုအောင်မြင်နေသော မြန်မာနိုင်ငံသား Architect Stephen သူရမြတ်သင်း (IDR-Arc) က ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီးဒီဇိုင်းကိုလည်းသဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိသောဒီဇိုင်းကိုသာရေးဆွဲထားကြောင်းသိရသည်။
ရှမ်းပြည်နယ်တွင်ရှိသောတောင်ကြီးဒေသခံများနှင့် ရှမ်းလူမျိုးများသည်သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကိုအလေးထားသည့်အတွက် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ ဒီဇိုင်းကိုရေးဆွဲထားခြင်းဖြစ်ကြောင်းသိရသည်။
လျှပ်စစ်မီးကြိုးသွယ်တန်းစနစ်ကို နိုင်ငံတကာအဆင့်မီအရမြေအောက်ကသွယ်တန်းထားပြီးအမှိုက်ပစ်စနစ်ကိုလည်းစနစ်တကျ ပြုလုပ်ခြင်း၊ လျှပ်စစ်စွမ်းအင်ချွေတာသုံးစွဲရေးအတွက် LED မီးသီးများနှင့် မီးတိုင်များကိုပြုလုပ်ထားပါသည်။
ရေဆိုးသန့်စင်စနစ်ကိုသန့်စင်ခန်းမှ ထွက်လာသောရေဆိုးများကိုသာမကအိမ်တစ်အိမ်မှထွက်သော့ မီးဖိုချောင်၊ အဝတ်လျှော်စက်နဲ့ရေချိုးခန်းများမှထွက်သောရေဆိုးများကို၉၀ ရာခိုင်နှုန်းအထိသန့်စင် ပေးကြောင်းသိရသည်။
သန့်စင်ပြီးထွက်ရှိသည့် ရေများကိုလည်းတိုက်ရိုက်စွန့်ပစ်နိုင်သည့်အပြင် သစ်ပင်ရေလောင်းခြင်း၊ ကားဆေးခြင်းအတွက်အသုံးပြုနိုင်မည်ဖြစ်သည်။
ဝယ်ယူသူများွကိုလည်းလုံခြုံရေးအတွက်အစစအရာရာတာဝန်ယူမည်ဖြစ်ပြီးကင်းလှည်းအဆိုင်းသုံး ဆိုင်းထားရှိပေးပြီးအခန်းဝယ်ယူသူများအတွက်လည်းတစ်ခန်းကိုကားပါကင်တွေပေးမည်ဖြစ်ကြောင်းသိရသည်။