သက်တမ်းတိုးမြှင့် လိုက်သည့် အခွန်ကင်းလွတ်ခွင့်


07 November, 2020


ဖွံ့ဖြိုးမှုနောက်ကျနေသောပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကြရန် ရင်းနှီးမြှုပ်နှံမှုများနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တိုက်တွန်းလိုက်ကြောင်းသိရသည်။

မဖွံ့ဖြိုးသေးသော ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမှု တိုးလုပ်လာနိုင်မှ ပြည်နယ်များ၏တိုးတက်မှုများပိုမြင့်လာနိုင် ရန် DICAဟုခေါ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ

လုပ်ငန်းများအပေါ် ဝင်ငွေနှင့်ပတ်သက်သော အခွန်ကင်းလွတ်ခွင့်သက်တမ်းကို မကြာသေးခင်မှ တိုးမြှင့်ပေးခဲ့ကြောင်းသိရသည်။

ရင်းနှီး မြှုပ်နှံမှုများကိုဖိတ်ခေါ်သောအခါ ဝင်ငွေ ကင်းလွတ်ခွင့်ကိုနိုင်ငံတော်မှ အားပေးမြှင့်တင်မည့်ကဏ္ဍများမှာ ဘဲ မြှုပ်နှံလျှင် ယခုကဲ့သို့ အခွင့်အရေးပေးရန်သတ်မှတ်ာထားပြီး ဥပဒေတွင်လည်း ပြဌာန်းထားသည်ဟုသိရသည်။

ဝင်ငွေခွန်ကင်းလွတ်ခွင့်ပေးသောအခါ ဖွံ့ဖြိုးမှု အနိမ့်အမြင့်အလိုက် ဇုန်၁၊ဇုန်၂၊ဇုန်၃ ခွဲခြားသတ်မှတ်ထားပြီး ဇုန်၁ သည်ဖွံ့ဖြိုးမှုအနည်းဆုံးနေရာ၊နိုင်ငံတော်မှ အားပေးသောကဏ္ဍလည်းဖြစ်မည်ဆိုလျှင်

ဝင်ငွေခွန် ကင်းလွတ်ခွင့် အား၇နှစ်ထိရမည်ဖြစ်ကြောင်းသိရသည်။

ဇုန်၂ သည်ဖွံ့ဖြိုးမှု အထိုက်အလျှောက်ရှိသောနေရာဖြစ်သည့်အတွက် အခွန်ကင်းလွတ်ခွင့် ၅နှစ်ရမည်ဖြစ်ပြီး ဇုန်၃ သည် ဖွံ့ဖြိုးပြီးအရပ်(ဥပမာ ရန်ကုန်)   ဖြစ်သည့်အတွက် သုံးနှစ်ကင်းလွတ်ခွင့် ရနိုင်ကြောင်းသိရသည်။

တိုင်းဒေသကြီး ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမှုများတိုးတက်ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင်လည်း ဗဟိုချုပ်ကိုင်မှု စနစ်ကိုလျှော့ချသည့်အနေနှင့် လုပ်ပိုင်ခွင့် များခွဲပေးခဲ့ပြီး

ဒေါ်လာငါးသန်းအောက် ရင်းနှီးမြှုပ်နှံသူများကို ပြည်နယ်အစိုးရများမှ ခွင့်ပြုပေးနိုင်ခွင့်များရရှိလာပြီဖြစ်ကြောင်းသိရသည်။

ရင်းနှီးမြှုပ်နှံမှုများ တိုးလာရန်အတွက် မြန်မာအစိုးရဘက်မှ ဖြေလျှော့မှုများ လုပ်ပေမဲ့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်လာစေရန်အတွက် နယ်စပ်ပြဿနာ၊လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် ဒေသများမှ

ပဋိပက္ခများကိုဖြေရှင်းနိုင်ရန် ကြိုးစားရမည်ဟု ဝေဖန်ထောက်ပြမှုများ ရှိနေကြောင်းသိရသည်။

imyanmar House

Laws and Regulations Read 60 times