အိမ်ခြံမြေ ရောင်းဝယ်မှု ကဏ္ဍတွင် အခွန်ရရှိမှု လျော့နည်းလာ


18 November, 2020

အစိုးရသစ်လက်ထက် ၂နှစ်အတွင်းအိမ်ခြံမြေ ရောင်းဝယ်မှုတွင် အခွန်ရရှိမှု ရဝရာခိုင်နှုန်းကျော် လျော့နည်းကြောင်း အိမ်ခြံမြေ အကျိုးဆောင်များ မှ ပြောကြားကြောင်း သိရသည်။

အိမ်ခြံမြေ ရောင်းဝယ်မှု အခွန်နှုန်းထားများတိုးမြှင့်ခြင်း၊စျေးကွက်အတွင်းအရောင်းအဝယ်လျော့နည်းခြင်း၊အရောင်းအဝယ်ဖြစ်သည့် ခြံမြေများကို အခွန်ရှောင်မှုများ ရှိနေခြင်းတို့ကြောင့် အခွန်ပေးဆောင်မှု လျော့နည်းလာကြောင်း သိရသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် အိမ်ခြံမြေ ရောင်းဝယ်ရာတွင် အခွန်ရရှိမှု ကျပ် ၅ဝဘီလီယံခန့် ရှိပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ၁ဝလ အတွင်း ကျပ် ၁ဝ ဘီလီယံကျော်သာ ရရှိကြောင် မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

အိမ်ခြံမြေရောင်းဝယ်ရာတွင် အခွန်နှုန်းထားများခြင်းကြောင့် တရားဝင် အခွန်မဆောင်ပဲ ရောင်းဝယ်မှုများ ပိုများလာသည်ဟု သိရသည်။

ထို့ကြောင့် အိမ်ခြံမြေရောင်းဝယ်ရာတွင် ပေးဆောင်ရမည့် အခွန်နှုန်းထားအား အစိုးရမှ လျှော့ချပေးရန် တိုင်းအစိုးရနှင့် ဆွေးနွေးပွဲတွင် တင်ပြထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊တိုင်းဒေသကြီး စီမံ-ဘဏ္ဍာဝန်ကြီး အပါအဝင်သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ၂ဝ၁၈ပြည်ထောင်စု အခွန်ကောက် ဥပဒေတွင် ထည့်သွင်း ရေးဆွဲသင့် သည့် အကောက်ခွန်နှင့် အခွန်ဆိုင်ရာ နှုန်းထားများကို နှစ်ရက်ကြာဆွေးနွေးခဲ့ပြီး ပြည်တွင်းတွင်ထုတ်လုပ်နေသည့် စက်ရုံများ၊ပို့ကုန်မြှင့်တင်ရေးနှင့် သွင်းကုန်အစားထိုးရေးအတွက် အကျိုးပြုနေသည့်လုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်လာရန် ကုန်သွယ်လုပ်ငန်းခွင်နှင့် အကောက်ခွန်နှုန်းထားများ လျှော့ချရေး၊အိမ်ခြံမြေ ဝယ်ယူရာတွင်ပေးဆောင်နေရသည့် ဝင်ငွေခွန် နှုန်းထားများ လျှော့ချရေး၊ဝင်ငွေခွန်ဥပဒေသစ်ရေးဆွဲရာတွင် ပုဂ္ဂလိက ကဏ္ဍ၏ အကြံပြုချက်များကို ကျယ်ကျယ်ပြန့်ပြန့်ရယူရေး၊အခွန်ဆိုင်ရာ နှစ် (Tax Year) အား ဧပြီလ ၁ရက်မှ မတ်လ ၃၁ရက် ထားရှိရေး၊ ဝင်ငွေခွန်နှုန်းထားလျှော့ချပေးရန်အချက်လေးချက် တင်ပြခဲ့ကြောင်း သိရသည်။

လက်ရှိ စီးပွားရေးလုပ်ငန်းများ ကြုံတွေ့နေရသည့် အခွန်ဝန်ထုပ်ဝန်ပိုးနှင့် အခက်အခဲများတင်ပြခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့မှ ပြောကြားကြောင်း သိရသည်။

Source:7day Daily and Pyi Myanmar

Local Read 42 times