မြန်မာနိုင်ငံ၏ ပထမဆုံးသော နည်းပညာသိပ္ပံသုတေသနအဆောက်အအုံ


27 October, 2020

ကမ္ဘာ့အဆင့်မှီနည်းပညာဆိုင်ရာသုတေသနဆောင်ရွက်ချက်များလုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် National Institute of Metrology Myanmar အမျိုးသားတိကျစွာတိုင်းတာခြင်း နည်းပညာ သိပ္ပံအဆောက်အအုံကို ခြောက်လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုအဆောက်အဦးကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ ပညာရေးဝန်ကြီးဌာနသုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီဌာန တွင် ပန္နက်တင်မင်္ဂလာကို ပြုလုပ်ခဲ့ဲပြီးဖြစ်ကြောင်းသိရသည်။

ယင်းအဆောက်အဦးကို Kinetic art ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ပြီး ခြောက်လအတွင်းအပြီးသတ်တည်ဆောက်မည်ဟု သိရသည်။

အမျိုးသားတိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံတွင် အဆင့်မြင့် Laboratory များပါရှိပြီး ကမ္ဘာ့အဆင့်မီ ဂျာမနီနည်းပညာဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

ထိုဌာနတွင် တာဝန်ထမ်ဆောင်ရန်ဝန်ထမ်းများကိုလည်းဂျာမနီမှ ပညာရှင်များကိုယ်တိုင်လာရောက် သင်ကြား ပို့ချနေပြီ ဖြစ်ကြောင်းသိရသည်။

ထိုနောက်တွင် ရာသီဥတုအတုပြုလုပ်နည်း စမ်းသပ်ခြင်းများကိုပါ ထည့်သွင်းဆောင်ရွက်သွားမည်ဟု လည်းသိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် အတိုင်းအတာဆိုင်ရာ စံချိန်စံညွှန်းများကို ထိန်းသိမ်းထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသည့် အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သည့် အဖွဲ့စည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် စက်ရုံ၊ အလုပ်ရုံဓာတ်ခွဲခန်းများမှ အတိုင်းအတာဆိုင်ရာ ကိရိယာစက်ပစ္စည်းများကို စံဖြင့်တိုက်ကြည့်ခြင်းနှင့် ဥပဒေအရတိုက်ဆိုင်စစ်ဆေးခြင်း (Verification) စသည့်တိုင်းတာခြင်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။

Source:Pyimyanmar

Infrastructure and Zones Tips Read 75 times