ရန်ကုန်မြို့တွင် မြေအောက်လမ်းသုံးခုဖောက်လုပ်ရန် တင်ဒါခေါ်ထားမှုအား ဖျက်သိမ်းကြောင်း ရန်ကုန်တိုင်းအစိုးရတင်ဒါခေါ်ယူရေးအဖွဲ့မှ ဇန်နဝါရီလ ၁၈ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၊ဦးဝိစာရလမ်း(ရွှေတိဂုံဘုရားအနောက်ဘက်မုခ်အနီး)၊ကမာရွတ်မြို့နယ်၊ပြည်လမ်း(ပညာရေးတက္ကသိုလ်ရှေ့)၊မရမ်းကုန်းမြို့နယ်၊ပြည်လမ်း(ရှစ်မိုင်ခုံးကျော်တံတားအဆင်း)၊ တို့တွင်
မြေအောက်လူကူးလမ်းသုံးခု တည်ဆောက်ရန်အတွက် တင်ဒါခေါ်ယူခြင်းအား ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
ထိုလုပ်ငန်းသုံးခုသည် အကြောင်းမညီညွှတ်ပါသဖြင့် တင်ဒါခေါ်ယူထားခြင်းအား ပြန်လည်ရုပ်သိမ်းကြောင်း သိရသည်။
တင်ဒါရပ်ဆိုင်းခြင်းသည် တိုင်းအစိုးရအစီအစဉ်ဖြင့် ရပ်ဆိုင်းခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်တစ်ဦးမှ ပြောကြားသည်။
ယာဉ်တိုက်မှုများ လျှော့ကျစေရေး၊လူအများလမ်းဖြတ်ကူးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးမြေအောက်လူကူးလမ်းများတည်ဆောက်ခြင်းဖြစ်ကြောင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနလက်ထောက်ဌာနမှူးမှ ပြောကြားထားကြောင်း သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရန်ကုန်မြို့တော်ရှိ ပြည်လမ်းအပါအဝင် အဓိက လမ်းမကြီးများတွင် လူကူးခုံးကျော်တံတား ၁ဝခု တည်ဆောက်ခဲ့သည်။
ယခင်အစိုးရသက်တမ်းကုန်ခါနီးတွင် ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ်အနီးတွင်မြေအောက်လူကူးလမ်းစီမံကိန်းတစ်ခုအကောင်အထည်ဖော်ရန် စီစဉ်ခဲ့ကြောင်း သိရသည်။