စည်ပင်သာယာ ဈေးများဌာနလက်အောက် တညင်းကုန်းဈေးအတွင်းရှိ ဈေးဆိုင်ခန်း ၈ ခန်းကို တင်ဒါ စနစ်ဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှသိရသည်။
“ ရောင်းချသွားမဲ့အခန်းတွေက ၂ ခန်းတွဲ ၃ထပ်နဲ့ ၁ ခန်းတွဲ ၄ ထပ် ခန်းတွေပါ အကျယ်အဝန်းကတော့ ပုံစံနဲ့အမြင့် အလိုက်ခွဲခြားထားတယ်”ဟု ဈေးများဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဆိုင်ခန်းများကို စည်ပင်သာယာ ဈေးများဌာနတွင် ဩဂုတ်လ ၁၅ ရက်နေ့ထိ ဝယ်ယူနိုင်မည်ဖြစ်ပြီး စက်ဘာလ ၁၆ ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်သည်။
တညင်းကုန်းဈေးအသစ်ကို စည်ပင်သာယာရေးကော်မတီ ညွန်ကြားချက်ဖြင့် Myanmar Agro Exchange Public Limited မှ ၂၀၁၇ ခုနှစ်မှစတင်ကာ ကျပ်ငွေ ၉၉ ဒသမ ၈ ဘီလီယံခန့် အကုန်ကျခံဆောက်လုပ်ခဲ့သည်။
အဆိုပါ ဈေးသစ်တွင် ဈေးရုံပေါင်း ၇ ရုံ၊ ပွဲရုံ၊ ရုံးခန်း၊ လူနေဆိုင်ခန်း၊ ဈေးဆိုင်ခန်း၊ ဈေးလာရောက်သူများ တည်းခိုနိုင်သည့် ၈ ထပ်မိုတယ်၊ ဟိုက်ပါမားကပ်နှင့် စက်သုံးဆီဆိုင်များပါဝင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။