တင်ဒါယှဉ်ပြိုင်ရာဝယ်


05 December, 2020

တင်ဒါ တစ်ခု ယှဉ်ပြိုင်ရာတွင် . .


- ပါဝင်ရမည့် အချက်များ
- ရင်ဆိုင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများ
- လိုက်နာ ဆောင်ရွက်ရမည့် ကိစ္စများ

(က) ပါဝင်ရမည့် အချက်များ။

၁။ ကုမ္ပဏီ လိုင်စင်
၂။ MEC ၏ ကုမ္ပဏီ အဆင့်အတန်း သတ်မှတ်ချက်
၃။ ဆောက်လုပ်ရေး ကန်ထရိုက် မှတ်ပုံတင်
၄။ စည်ပင်လိုင်စင်
၅။ အိုးအိမ်မှ ထုတ်ပေးသော ကန်ထရိုက်လိုင်စင်
၆။ PE. RE. RSE ရရှိပြီးကြောင်း လက်မှတ်များ
၇။ အခွန်ဆောင်ပြီးကြောင်း ထောက်ခံချက်
၈။ ယခင်ဆောင်ရွက်ခဲ့ဖူးသော လုပ်ငန်းများ၏
     လွဲှပြောင်းအပ်နှံသည့် စာချုပ်မိတ္တူများ။
၉။ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏
Corporate Mamber Company လက်မှတ်
၁၀။ ပိုင်ဆိုင်သော ယာဉ်/ယန္တရား (ဓါတ်ပုံများ ပူးတွဲရန်)
၁၁။ အင်ဂျင်နီယာ ဖွဲ့စည်းပုံ (CV Form ပူးတွဲရန်)
၁၂။ ကုမ္ပဏီ ဖွဲ့စည်းပုံ (Up Date စာရင်း)
၁၃။ ယခင် ဆောင်ရွက်ခဲ့ဖူးသော လုပ်ငန်း အတွေ့အကြုံများ
       ( တန်ဖိုးနှင့် ဓါတ်ပုံများပါ ပူးတွဲရန်)
၁၄။ ပိုင်ဆိုင်သော ငွေကြေး (ဘဏ်ထောက်ခံချက် အပါအဝင်)
၁၅။ ရင်းနှီးမြှုပ်နှံနိုင်သော ငွေပမာဏ ( Bank Statement)
၁၆။ မြေပြင်သို့ ကွင်းဆင်းစစ်ဆေးပြီး တင်ပြစာ
      ( သက်ဆိုင်ရာ ဌာန ထောက်ခံချက် ပူးတွဲရန် )
၁၇။ တင်ဒါအောင်မြင်ပါက Soil Test ပြုလုပ်ပေးမည် ဖြစ်ကြောင်း ဝန်ခံကတိပြုချက်
၁၈။ ဒေသန္တဈေးနှုန်း အတိုင်း တွက်ချက်ထားသည်မှာမှန်ကန်ကြောင်း ကတိဝန်ခံချက်။
၁၉။ Deposit သွင်းပြီးကြောင်း PO ချက်မိတ္တူ
၂၀။ ကုန်သွယ်ခွန် ၅% ၊ လုပ်ငန်းခွန် ၂% ၊ တွက်ချက်မှု
၂၁။ လုပ်သား အရေအတွက်
၂၂။ ယခင် လှူဒါန်းခဲ့သော လက်မှတ်နှင့် ငွေကြေးပမာဏ
၂၃။ ကုမ္ပဏီ လိပ်စာ E Mail
၂၄။ ကုမ္ပဏီ၏ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ ပိုင်ဆိုင်မှု
၂၅။ ဒါရိုက်တာများ၏ CV Form များ

(ခ) ရင်ဆိုင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများ 

အထက်ပါ အချက်အလက်များ ပြည့်စုံပြီးသတ်မှတ်ရက်တွင် တင်ဒါ ပြိုင်ပါက . . .

၁။ ပထမ အကြိမ် . . .ကုမ္ပဏီ Profile အရင် ပြိုင်ရပါသည်။

၂။ ဒုတိယ အကြိမ်တွင်ကုမ္ပဏီ Profile အောင်မြင်သူများသာTechnical ပိုင်း ပြိုင်ရပါသည်။

၃။ တတိယအကြိမ် . . .Technical ပိုင်း အောင်မြင်သူများသာဈေးနှုန်း ယှဉ်ပြိုင်ရပါသည်။

၄။ အဆင့်ဆင့် အောင်မြင်ပြီးသူများကို . . .တင်ဒါစီစစ်ရွေးချယ်ရေး ဘုတ်အဖွဲ့မှ စီစစ်၍ . .တင်ဒါ အောင်မြင်ကြောင်း အကြောင်းကြားပါသည်။

၅။ တင်ဒါ အောင်မြင်ကြောင်း စာရရှိပါက . . .သက်ဆိုင်ရာ ဌာနနှင့် စာချုပ် ချုပ်ဆို ရပါသည်။

(ဂ) လိုက်နာ ဆောင်ရွက်ရမည့် ကိစ္စများ 

          ၁။ လုပ်ငန်းစတင် ဝင်ရောက်သည့် နေ့မှ စ၍သက်ဆိုင်ရာ ဌာန၏ Q.C အဖွဲ့များ . .Work Done အဖွဲ့များ၏ စစ်ဆေးခြင်းကိုလိုက်နာခံယူရပါသည်။

၂။ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို . . .တစ်ပတ် (၁)ကြိမ် ပြန်တမ်း ပို့ပေးရပါသည်။

၃။ လုပ်ငန်းပြီးစီးပါက သက်ဆိုင်ရာ မြို့နယ်မှဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့များ . .ရပ်မိရပ်ဖများ . . ဌာနဆိုင်ရာများ၏ထောက်ခံချက် ရယူရပါသည်။

၄။ အဆိုပါ လုပ်ငန်းအား လွဲှပြောင်း / အပ်နှံစာချုပ် . . .ချုပ်ဆိုပြီးပါကလည်း ဌာန၏ စာရင်းစစ်များ၏ . . .စစ်ဆေးခံပြီးသည်အထိ တာဝန်ယူရပါသည်။

၅။ ၂နှစ်အတွင်း လုပ်ငန်းအား . .သဘာဝဘေးအန္တရာယ်မှ အပ . .တာဝန်ခံ၏ ချို့ယွင်းချက်ကြောင့် ပျက်စီးပါက . .ပြန်လည် ပြင်ဆင်ပေးပါမည်ဟု . .ဝန်ခံကတိ လက်မှတ် ရေးထိုးရပါသည်။

သို့မှသာပြီးပြည်စုံသော တင်ဒါ လုပ်ငန်း တစ်ခု ဖြစ်ပါသည်။

တင်ဒါ မအောင်မြင်ပါက . . .


- တင်ဒါ ဖောင်ဝယ်ယူစရိတ်
- Estimate တွက်ချက် ကုန်ကျစရိတ်
- ကွင်းဆင်း စစ်ဆေး ခရီးစရိတ် နှင့် စားစရိတ်
- တင်ဒါပြိုင်ပွဲ သွားလာစရိတ် နှင့် စားစရိတ်
- Deposit ခေတ္တ စိုက်ထားငွေ
- - - -  စသည့် ကုန်ကျစရိတ်များကို
တင်ဒါ ယှဉ်ပြိုင်သူဘက်က ကုန်ကျရပါသည်။

Source:Moe Z

How To Read 167 times