မြောက်ဦးလေယာဉ်ကွင်း ပြန်လည်တည်ဆောက်ရန် တင်ဒါခေါ်ယူသွားမည်


14 November, 2020

ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်ရှိမြောက်ဦးလေယာဉ်ကွင်းပြန်လည်တည်ဆောက်သွားရန်အတွက် တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာ/အခွန်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးမှ ပြောကြားကြောင်းသိရသည်။

ယခုအနေအထားတွင် လေယာဉ်ကွင်းဆောက်လုပ်မှုအားရပ်တန့်ထားရပြီး အစိုးရမှ ချထားသောဘတ်ဂျက်မှာ လုံလောက်မှုမရှိသည့်အတွက်

ပုဂ္ဂလိကလုပ်ငန်းရှင်များအားတင်ဒါခေါ်ယူကာအမြန်ဆုံးအကောင်အထည်ဖော် လုပ်ဆောင်သွားခြင်းဖြင့် မြောက်ဦးသို့လေကြောင်းလိုင်းများပြေးဆွဲနိုင်မည်ဖြစ်ပြီးခရီးသွားများလည်း

ရောက်ရှိမှုပိုမိုများပြားလာကာ ဒေသတွင်း အကျိုးစီးပွား ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြောက်ဦးသည်ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်သော အနေအထားတွင် ရှိပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားသည်နှင့် နိုင်ငံတကာဧည့်သည်များလည်းလာကြပြီး တစ်ဖက်တွင်လည်း မြို့သစ်စီမံကိန်းကို လည်းစတင်နေပြီဖြစ်ကြောင်း သိရသည်။

မြောက်ဦးလေယာဉ်ကွင်းကိစ္စကို အကောင်အထည်ဖော်ရန်အတွက်တင်ဒါခေါ်ယူရန်အတွက်လည်းပြည်ထောင်စုအစိုးရအားတင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီနှင့် သဘောတူညီမှုယူကြမည်နည်းကုမ္ပဏီကို အစိုးရဘက်မှ ဘယ်လိုငွေချေမည်နည်းစသောမူဝါဒများ ရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။

ယင်းလေယာဉ်ကွင်းသည် မြောက်ဦးမြို့၏ အရှေ့ဖက် ၄ဒသမ၅မိုင်ခန့်အကွာ နန်းကျားကျေးရွာအနောက်ဘက် တွင်တည်ရှိပြီးရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ

၂ဝ၁၅-၁၆ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂ဝဝဝ၊စုစုပေါင်းကျပ်သန်း ၄ဝဝဝတို့ဖြင့် ဆုထူးစံကုမ္ပဏီမှ တာဝန်ယူကာတည်ဆောက်ခဲ့ပြီး

ယခု ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာရေးနှစ်တွင်ရခိုင်ပြည်နယ်အတွက်ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုရန်ပုံငွေမှာ ကျပ်သန်းပေါင်း ၁၄၂ ဒသမ ၃၉၃သာ ခွင့်ပြုထားသောကြောင့် လေယာဉ်ကွင်းတည်ဆောက်ရေးလုပ်ငန်းအား ရပ်ဆိုင်းထားကြောင်း သိရသည်။

မြောက်ဦးလေယာဉ်ကွင်းတည်ဆောက်ရေးအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရေးအတွက် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆိုကို

ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင်မြောက်ဦးမြို့နယ်အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မှ တင်သွင်းခဲ့ရာရခိုင်ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း သိရသည်။

Daily Eleven

Infrastructure and Zones Read 42 times