ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံသို့ဆက်သွယ်မည့်နှစ်လမ်းသွားကားလမ်းဖောက်လုပ်ရန်အတွက် ထိုင်းနိုင်ငံမှ ဘတ် ၄ဒသမ၅ဘီလျံထုတ်ချေးမည်ဖြစ်ပြီး ယင်းလမ်းပိုင်းနှင့်ပတ်သက်သည့်အသေးစိတ်ကုန်ကျ စရိတ်များအတွက် မြန်မာ-ထိုင်းနှစ်နိုင်ငံပူးတွဲဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထားဝယ်အထူးစီးပွားရေးဇုန်တွင် နှစ်လမ်းသွားကားလမ်းဖောက်ရန်အတွက် မြန်မာ-ထိုင်းပူးပေါင်းဆောင်ရွက် မည့်အဖွဲ့များဖွဲ့ထားပြီး စီးပွား/ကူးသန်းဝန်ကြီးဦးဆောင်သောJCC(Joint Cooperation Committee) အဖွဲ့နှင့်
ဒုတိယသမ္မတဦးဆောင်သောအဆင့်မြင့်အဖွဲ့ ဟူပြီးနှစ်ဖွဲ့ ဖွဲ့ထားကြောင်းသိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ငွေချေးရမှာဖြစ်သည့်အတွက်ကုန်ကျစရိတ်များအသေးစိတ်တွက်ချက်ပြီးလျှင် လုပ်ထုံးလုပ်နည်းများအရလွှတ်တော်အထိတင်ပြရမှာဖြစ်ကြောင်းသိရသည်။
လက်ရှိတွင်အဖွဲ့ဖွဲ့ပြီးနှစ်လမ်းသွားကားလမ်းအတွက်အသေးစိတ်ကုန်ကျစရိတ်များပူးတွဲဆောင်ရွက်နေကြောင်းသိရသည်။
ကုန်ကျစရိတ်များအားတွက်ချက်နေသည်ဖြစ်သဖြင့် ထိုင်းမှ ထုတ်ချေးရန် ရည်ရွယ်ထားသော ဘတ်၄ဒသမ၅သန်း ရချင်မှ ရမည်။ ဘတ်၄ဒသမ၅ သန်းထက်ပိုမည်ဆိုလျှင်လည်း ထိုင်းဘက်မှ ချေးပေးမည်ဖြစ်ကြောင်းအကြမ်းဖျင်းသဘောတူညီချက်ရထားသည်ဖြစ်ကြောင်းသိရသည်။
ထိုင်းဘက်မှ အတိုးနှုန်းသက်သာစွာဖြင့် ဆိုင်းငံ့ကာလ အပါအဝင်ထုတ်ချေးပေးမည်ဖြစ်ကြောင်းသိရသည်။
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်ဒေသများဘက်စုံဖွံ့ဖြိုးတိုးတက်ရေးရှစ်ကြိမ်မြောက်မြန်မာ-ထိုင်း ပူးတွဲညှိနှိုင်းရေးကော်မတီ အစည်းအဝေးတွင်
ထားဝယ်အထူးစီးပွားရေးဇုန်ကို မြန်မာ-ထိုင်းနှစ်ဖက်စလုံးမှ ပူးပေါင်းပြီး အမြန်ဆုံးဆက်လက်အကောင်အထည်ဖော်ရေး၊ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ-ထိုင်း နယ်စပ်သို့ဆက်သွယ်မည့်နှစ်လမ်းသွားကားလမ်း
တည်ဆောက်ရေးညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
Source:Daily Eleven